အချိန်ကို အကျိုးရှိရှိအသုံးချကြည့်ပါ။
အချိန်မရှိလို့ သင်တန်းတတ်လို့အဆင်မပြေဘူး….ဒီကာလကြီး ငွေကြေးအကုန်အကျတွေများနေလို့ သင်တန်းတတ်ချင်ပေမယ့် သင်တန်းတွေမတတ်ဖြစ်ဘူးဆိုတဲ့ မိတ်ဆွေတို့အတွက် သင်တန်းကြေးကုန်ကျစရာမလို ၊ အချိန်လည်းအများကြီးမပေးရဘဲ ကျွန်တော့် Channel တွေမှာ လေ့လာလို့ရနေပါပြီ။
.
စာအရှည်ကြီးမဖတ်ချင်ဘူးဆိုတဲ့မိတ်ဆွေတွေအတွက်ဆို Youtube ရှိတယ်ဗျာ။ ကားမောင်းရင်းနားထောင်ချင်တဲ့မိတ်ဆွေတို့အတွက် Anchor၊ Spotify တို့လို Platform တွေမှာ အသံချည်းပဲနားထောင်လို့လည်းရသေးသလို၊ ကျွန်တောိရဲ့ Instagram page မှာလည်းကြည့်လို့ရပါတယ်။ ဒါ့အပြင် တစ်ခြား Channel တွေကို တစ်ကူးတစ်ကမသွားကြည့်ချင်ဘူးဆိုတဲ့မိတ်ဆွေတွေအတွက် ကျွန်တော်ရဲ့ Facebook page မှာလည်းကြည့်လို့ရပါတယ်။
.
အမြဲလိုလိုလေ့လာချင်စိတ်ရှိသူတွေအတွက် အခွင့်အလမ်းတွေဆိုတာ အများကြီးရှိပါသေးတယ် ။ သူများထက်ပိုတိုးတက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့အချိန်တွေကို သူများထက်ပို အသုံးချတတ်ဖို့လိုပါလိမ့်မယ်။
.
ကျွန်တော့်ဘက်ကလည်း Sales & Marketing နယ်ပယ်မှာ ၁၂ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ ၊ကျွန်တော်သိသမျှပညာတွေကို မိတ်ဆွေတို့အတွက် အတတ်နိုင်ဆုံးမျှဝေပေးနေပါတယ်။
နောက်ထပ်လည်း အကျိုးရှိစေမယ့်အရာတွေကိုတင်ပေးသွားဦးမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ Like & Follow လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်။
Channel links တွေကတော့ ဒီအောက်မှာပါ
Youtube link > https://www.youtube.com/channel/UCzT42s6NR7x_ihJTmtsaojQ
Instagram link > https://www.instagram.com/williamkyawofficial/
Spotify > https://bit.ly/3vguofK