Listen

Description

iPhone 12 နဲ့ iPhone 12 Pro တို့ဟာ 5G ကွန်ရက် အသုံးပြုတဲ့အခါ ဘက်ထရီကုန်ခန်းမှု မြန်ဆန်တယ်ဆိုတဲ့အကြောင်း၊ International Trade Center ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြုပြင်မွမ်းမံထားတဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.myantrade.gov.mm မိတ်ဆက်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နေ့လယ် ၃ နာရီက အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့အကြောင်း၊ ချီးဗနင်းပညာသင်ဆုအတွက် သီးသန့်တင်ပြရတဲ့ အင်္ဂလိပ်စာအရည်အချင်းလိုအပ်ချက်ကို ၂၀၂၀/၂၀၂၁ ပညာသင်နှစ်ကစပြီး ချီဗနင်းက ပယ်ဖျက်ပေးလိုက်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။