မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုခံရပြီး တစ်ပတ်အကြာမှာ ကွန်ပျူတာ စနစ်အားလုံးကို ပုံမှန်အတိုင်းအပြည့်အဝ မလည်ပတ်နိုင်သေးတဲ့အကြောင်း၊ Amazon Web Services (AWS) ဟာ ဒေသများစွာအတွင်းတစ်ခုမှာ ပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုများစွာ အသုံးပြုလို့မရတဲ့ အကြောင်း၊ 4G ကွန်ရက်ထက်နှစ်ဆမြန်ဆန်ပြီး မြန်နှုန်းအနေဖြင့် 600 Mbps အထိပံ့ပိုးပေးနိုင်မယ့် 4.5G ကွန်ရက်အဖြစ် တယ်လီနောမြန်မာမှ အဆင့်မြှင့်တင်လိုက်တဲ့အကြောင်း စတဲ့ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီ အစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။