အူရီဒူးမြန်မာမှ ဒီဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ APPathon ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ့်အကြောင်း၊ Apple ရဲ့ iOS 14 နဲ့ iPadOS 14 ထွက်ရှိမယ့်ရက်နဲ့ ပတ်သက်ပြီး developer တွေ မကျေမနပ်ဖြစ်ကြဆိုတဲ့အကြောင်း၊ စက်တင်ဘာ ၂၃ ရက်မှာ Samsung ဟာ ထုတ်ကုန်သစ်တွေ ထပ်မံမိတ်ဆက်ဖို့ နောက်ထပ် Unpacked ပွဲတစ်ခုကို ပြုလုပ်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။