Google ဟာ Chrome Web Store ပေါ်က အခပေး Chrome extension တွေကို ဖျက်သိမ်းတော့မယ်လို့ ကြေညာလိုက်တဲ့အကြောင်း၊ YouTube က ဗီဒီယိုအတွက် အသက်အရွယ်ကန့်သတ်မှု ပိုမိုပြုလုပ်ဖို့ artificial intelligence နည်းပညာတစ်မျိုးကို ဖြန့်ချိလိုက်တယ်ဆိုတဲ့အကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နေအိမ်တွင် နေထိုင်ရန် သတ်မှတ်ထားသော ကာလဖြစ်တဲ့အတွက် စက်တင်ဘာ ၂၈ ရက်တွင် ထွက်ရှိမယ့် ဂျာနယ်မှစတင်ကာ အင်တာနက်ဂျာနယ် ထုတ်ဝေခြင်းကို ခေတ္တရပ်နားထားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။