တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မယ့်အကြောင်း၊ Facebook ဟာ Sony Music, Universal Music Group နဲ့ Warner Music Group အပါအဝင် ဂီတကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အမေရိကန်အတွင်း ဝန်ဆောင်မှုအတွက် တရားဝင် ဂီတဗီဒီယိုတွေ ထည့်သွင်းလိုက်တဲ့အကြောင်း၊ Microsoft က TikTok ဝယ်ယူမယ့်အစီအစဉ်အပေါ် ဒေါ်နယ်ထရမ့် ထောက်ခံဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။