Listen

Description

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ၂၀၁၉-၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူ တွေကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမယ့်အကြောင်း၊ တောင်ကိုရီးယားနိုင်ငံအတွင်း Samsung ဖုန်းသစ် Galaxy Note 20 နဲ့အတူ Nreal Light mixed reality မျက်မှန်ကိုလည်း တင်ပို့ရောင်းချခဲ့တဲ့အကြောင်း၊ အူရီဒူးမြန်မာမှ Supernet Fiber သုံးစွဲသူတွေကို ၂၀ ရာခိုင်နှုန်း အပိုဆောင်းအမြန်နှုန်းနဲ့ လစဉ် မိုဘိုင်းအကျိုးခံစားခွင့်တွေ ရရှိမယ့် ပိုရပိုသုံး အစီအစဉ်ကို မိတ်ဆက်လိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။