Listen

Description

နှစ်စဉ်ကျင်းပတဲ့ Huawei Seeds for the Future အစီအစဉ်ကို ယခုနှစ်မှာ “Sky Seeds for the Future” အမည်နဲ့ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်သူ မြန်မာကျောင်းသား ၃၈ ဦးကို ရွေးချယ်ခဲ့တဲ့အကြောင်း၊ Twitter ကတော့ neural ကွန်ရက်ပေါ်က ဓာတ်ပုံ preview တွေမှာ လူမည်းမျက်နှာတွေထက် လူဖြူမျက်နှာတွေ ပိုမိုရွေးချယ်တဲ့ ပြဿနာအကြောင်း၊ သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသားများကို ယခင်နှစ်ထက် တိုးမြှင့် ခေါ်ယူသွားမယ့် အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။