အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ ဘီလျံနာ အီလွန်မက်စ်၊ ဂျက်ဘီဇော့၊ ဘီလ်ဂိတ်တို့ရဲ့ Twitter account တွေကို Bitcoin လိမ်လည်မှုအဖြစ် အသုံးချကာ ဟက်ကာတွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အကြောင်း၊ ရိုးမဘဏ် SMART အကောင့်ရှိသူတွေ အနေနဲ့ အွန်လိုင်းမှတစ်ဆင့် WavePay အကောင့်သို့ ဝန်ဆောင်ခပေးဆောင်ဖို့ မလိုဘဲ အပြန်အလှန် ငွေလွှဲနိုင်မယ့်အကြောင်း၊ Android app နဲ့ ဂိမ်းတွေအတွက် လစဉ်ကြေးပေးသွင်း ဝန်ဆောင်မှု Play Pass ကို နိုင်ငံပေါင်း ၉ နိုင်ငံနဲ့ နှစ်စဉ်ငွေပေးချေမှုကို တိုးချဲ့လိုက်တဲ့ Google အကြောင်းစတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။