Listen

Description

၂၀၁၈-၂၀၁၉ ပညာသင်နှစ်နဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက်မှ ၅၅ ဦးဟာ လွတ်ငြိမ်းသက်သာခွင့်နဲ့ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက ပြန်လည် လွတ်မြောက်ခဲ့တဲ့အကြောင်း၊ Omdia ရဲ့ သုတေသနတစ်ခုအရ ၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှု အများဆုံးစမတ်ဖုန်းက iPhone 11 ဖြစ်တယ်ဆိုတဲ့အကြောင်း၊ Samsung ဟာ Life Unstoppable အမည်ရ အွန်လိုင်းပွဲမှာ Galaxy A42 5G ဆိုတဲ့ ဈေးသက်သာတဲ့ 5G ဖုန်းအပြင် ထုတ်ကုန်များစွာ အားသွင်းနိုင်တဲ့ ကြိုးမဲ့ charger စနစ်အပြင် Galaxy Tab A7 အမည်ရ Android tablet ကို ပြသခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။