Listen

Description

၂၀၂၁ ခုနှစ်ရောက်ပြီး တစ်ပတ်မကြာသေးခင်မှာ iPhone ခေါက်စမတ်ဖုန်း ကောလာဟလတွေထွက်လာဆိုတဲ့အကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရန် လိုအပ်သော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့် တံဆိပ်ခေါင်းခွန်များ အတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) အမှတ်ကို ထည့်သွင်းကာ AYA Pay Mobile Wallet မှတစ်ဆင့် ပေးဆောင်နိုင်တဲ့အကြောင်း၊ Samsung ဟာ ၂၀၂၁ ခုနှစ်မှာတော့ Galaxy S21 ဖုန်းကို ပုံမှန်ထက်စောပြီး မိတ်ဆက်မှာဖြစ်ပြီး Samsung ဟာ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံး Unpacked ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက် ပစိဖိတ်အချိန် နံနက် ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။