Mastercard အနေနဲ့ ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်ဖို့ တရားဝင် အွန်လိုင်းစနစ် စိစစ်ရေး ပလက်ဖောင်းကို ထုတ်လုပ်ပေးလိုက်တဲ့အကြောင်း၊ ဂျပန်ဘာသာစကားကို အွန်လိုင်းမှ တစ်ဆင့် ZOOM App အသုံးပြုကာ စက်တင်ဘာလ ၂၆ ရက်မှ စတင်ကာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းမှာ Basic Class နဲ့ Advance Class ဆိုပြီး နှစ်မျိုးခွဲကာ သင်ကြားပေးမယ့်အကြောင်း၊ TECNO CAMON 16 Premier သည် ကမ္ဘာ့အကြီးဆုံးနှင့် လွှမ်းမိုးမှုအကြီးမားဆုံးသော အိမ်သုံးကုန်ပစ္စည်းနှင့် အီလက်ထရောနစ် ကုန်ပစ္စည်းဆိုင်ရာ ညီလာခံတွင် “ကင်မရာနည်းပညာ တီထွင်ဆန်းသစ်မှု ရွှေတံဆိပ်ဆု” ရရှိခဲ့ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။