Listen

Description

ပုဂ္ဂလိကကဏ္ဍကိုအားပေးတဲ့ အနေနဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ ကမ္ဘာတစ်ဝန်းကလူတွေက Facebook နဲ့ Twitter ကိုစွန့်ခွာလာကြပြီး အဲဒီလူတွေကတစ်ကိုယ်ရေအချက်အလက် ဦးစားပေးလူမှုကွန်ရက် MeWe ကို အသုံးပြု လာတယ်ဆိုတဲ့အကြောင်း၊ Facebook ဟာ Automatic Alt Text (AAT) စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီးအခု အဆင့်မြှင့်တင်မှုကတော့ အမြင်အာရုံအားနည်းသူတွေအတွက် ဓာတ်ပုံထဲက အသေးစိတ်ဖော်ပြချက်ကို အလို အလျောက်ထုတ်ပေးမှာဖြစ်သလို AI အခြေခံစနစ်ကတော့ Facebook နဲ့ Instagram ပေါ်မှာဝေမျှထားတဲ့ ဓာတ်ပုံထဲကအရာဝတ္ထုများစွာနဲ့ ရှုခင်းဆယ်ဆမှတ်မိနိုင်ပြီး Apple ရဲ့ VoiceOver လိုမျိုး အသေးစိတ်ဖော်ပြ ချက် ရေးထုတ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။