Listen

Description

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားတဲ့ လူတစ်ဦးချင်းနဲ့ လုပ်ငန်းသဘာဝတွေ ပြောင်းလဲကုန်သလို ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ဖို့အိမ်မှာ နေထိုင်၊ အလုပ်လုပ်ဖို့ အင်တာနက်အပေါ် မှီခိုလာရပြီး  ငွေထုပ်ပိုက်သွားတဲ့ လုပ်ငန်းတွေအများကြီးရှိလာတဲ့အကြောင်း၊ Xiaomi ဟာ Mi 11 စီးရီးအတွက် မိတ်ဆက် မယ်လို့ကြေညာခဲ့ပြီး Mi 11 စီးရီးမှာတော့ Snapdragon 888 ပရိုဆက်ဆာပါဝင်မှာဖြစ်သလို ဒီဇင်ဘာ ၂၈ ရက်မှာ ရောင်းချမယ့်အကြောင်း၊ Samsung ဟာ ဇန်နဝါရီ ၆ ရက် အရှေ့ပိုင်းအချိန် နံနက် ၁၁ နာရီမှာ First Look 2021 အမည်ရပွဲမှာ “အနာဂတ် display” ကိုမိတ်ဆက်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာ နက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက်အပိုင်း သစ်မှာ တင်ဆက်ပေးထားပါတယ်။