ဒီလနှောင်းပိုင်းအတွင်း Nokia 7.3 ဖုန်းထွက်ရှိမယ်လို့ သတင်းအချက်အလက်ဖော်ထုတ်သူ တစ်ဦးက ပြောကြားသွားပါတယ်။ ဒီလအတွင်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Nokia 9.3 flagship ကတော့ မထွက်သေးဘူးဆိုတဲ့အကြောင်း၊ Myanmar Private Equity & Venture Capital Association ကနေ အွန်လိုင်းငွေပေးချေမှုနဲ့ eCommerce အကြောင်းတွေ ဆွေးနွေးမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၇ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ via Zoom ကနေတစ်ဆင့် ပြုလုပ်သွားမယ်အကြောင်း၊ အိအုချိပညာတော်သင်ထောက်ပံ့ကြေးအတွက် လျှောက်လွှာတွေကို စက်တင်ဘာ ၁၉ ရက် မှ စက်တင်ဘာ ၃၀ ရက်အထိ လျှောက်ထားနိုင်မယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။