Google ဟာ Apple လိုပဲ ပေါ်လစီချိုးဖောက်မှုနဲ့ Play Store ကနေ Fortnite ကို ဖယ်ရှားလိုက်တဲ့အကြောင်း၊ ထရမ့်အစိုးရကို တရားစွဲဖို့ စီစဉ်နေတဲ့ TikTok အကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဘေးကင်းလုံခြုံစေဖို့ မလိုအပ်တဲ့ သတင်းအချက်အလက် (spam) တွေကို တိုက်ဖျက်နိုင်ပြီး အခြားအသုံးပြုသူတွေကို နာမည်အလိုက် ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်လိုက်တဲ့ Viber အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။