Listen

Description

Samsung ကုမ္ပဏီရဲ့ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌရဲ့သားဖြစ်သူ အမွေစားအမွေခံ လီယောင်ဂျေးဟာ ထောင်ဒဏ် ၂ နှစ်ခွဲကျခံရမယ်လို့ တောင်ကိုရီးယား အယူခံတရားရုံးက ကြေညာခဲ့ဆိုတဲ့အကြောင်း၊ Samsung ဟာ Galaxy S21 စီးရီးဖုန်းနဲ့အတူ Galaxy Buds Pro ကြိုးမဲ့နားကြပ်ကိုလည်းမိတ်ဆက်ခဲ့ပြီး အခုဆိုရင် Samsung ဟာ နားမကြားသူတွေအတွက် အကြားအာရုံမြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်ကို Galaxy Buds Pro အတွက်ဖြန့်လိုက်ဆိုတဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဗဟိုဌာန မှ CHRD ဘာသာစကားအချိန်ပိုင်းသင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။