Microsoft ဟာ Chromebook နဲ့ iPad တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဈေးသက်သာတဲ့ Surface laptop ကို ဖန်တီးနေတဲ့အကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို အသိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့အကြောင်း၊ JOOX မှ စိတ်ဝင်စားဖွယ် ဆုလက်ဆောင်တွေ ကံစမ်းရရှိနိုင်မယ့် အစီအစဉ်ကို စတင်ပြုလုပ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။