TikTok ကိုဝယ်ယူမယ့် ကုမ္ပဏီတွေထဲမှာ Twitter လည်း ပါဝင်လာပါတယ်။ Twitter အနေနဲ့ TikTok အမေရိကန်လုပ်ငန်းတွေကို ဝယ်ယူဖို့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အကြောင်း၊ ဆယ်တန်းအောင်ထားတဲ့ လူငယ်တွေအတွက် အသင့်တော်ဆုံးပညာရေးစနစ်နဲ့ ရွေးချယ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမယ့်အကြောင်း၊ ဈေးသက်သာပြီး Xbox Series S လို့ခေါ်ဆိုဖွယ်ရှိတဲ့ ဂိမ်းခလုတ်ထွက်လာတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။