Listen

Description

Huawei ဟာ တရုတ်အာဏာပိုင်တွေအတွက် ဝီဂါလူမျိုးတွေကိုခြေရာခံမယ့် AI ထောက်ပံ့မှုပါဝင်တဲ့ facial-recognition နည်းပညာကို စမ်းသပ်ခဲ့တဲ့အကြောင်း၊ ရုရှားအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေက အမေရိကန်ငွေတိုက်ဌာနနဲ့ ကုန်သွယ်ရေးဌာနအပြင် အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေး ပေါ်လစီ သတ်မှတ်တဲ့ရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်ထိုးဖောက်ခဲ့တဲ့အကြောင်း၊ OPPO က သုံးခါအထိ ခေါက်လို့ရတဲ့ concept ဖုန်းကို ဂျပန်ဒီဇိုင်းကုမ္ပဏီ Nendo design နဲ့ပူးပေါင်းထားတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။