Listen

Description

Under-display ထဲမှာ selfie ကင်မရာထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ဖုန်း ZTE Axon 20 5G ဆိုတဲ့အကြောင်း၊ CB Bank မှ ထုတ်ဝေထားသော prepaid, debit နဲ့ credit ကတ်ကိုင်ဆောင်ထားသူတွေကိုယ်တိုင် မိမိကတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်စေဖို့ စာတိုပေးပို့ မေးမြန်းနိုင်တဲ့ Viber Application ဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှု CB Bank Viber BOT ကို မိတ်ဆက်ဆိုတဲ့အကြောင်း၊  ကပ်ရောဂါကာလအတွင်း အလုပ်အကိုင် သုံးသိန်းဖန်တီးပေးခဲ့တဲ့ iOS app စီးပွားရေးအကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။