Listen

Description

Viber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ တစ်ဆင့် စာအုပ်၊ eBook နဲ့  AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့်  7Book Zay အွန်လိုင်းစာအုပ်ဆိုင်ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲနှင့်အတူ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း၊  Higher Education Forum နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို http://bit.do/fMNPG ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။