Microsoft ဟာ နိုဝင်ဘာလအတွင်း Xbox Series X ကို အဓိက ဈေးကွက်တွေနဲ့ အပြိုင် ဂျပန်မှာလည်း ရောင်းချမယ့်အကြောင်း၊ MPT မှ MPT4U app သုံးစွဲသူ (၁၄) သန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ကံထူးရှင် (၁၄) ဦးအတွက် အထူးဆုအဖြစ် MPT Money ပိုက်ဆံ (၁၀) သိန်းနဲ့ ဒေတာလက်ဆောင်ပေါင်းများစွာကို ပေးအပ်သွားမယ့်အကြောင်း၊ Draper Startup House (DSH) နဲ့ LEARN Global Institute (LGI) တို့နားလည်မှုစာချွန်လွှာ (MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး LGI ကျောင်းသားများ မတည်ငွေရင်း ထောက်ပံ့မှု (Venture Capital Funding) ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ ပိုမိုကောင်းမွန်သော သင်ကြားမှု အတွေ့အကြုံများ ပေးသွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။