Listen

Description

အမေရိကန်အစိုးရက တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ကိုတော့ နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍ အမိန့်စာကတစ်ဆင့် ကွန်မြူနစ် တရုတ်စစ်တပ်ကုမ္ပဏီ စာရင်းထဲ ထည့်သွင်းလိုက်တဲ့အကြောင်း၊ Apple ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပြီး ရှေ့ပြေးပုံစံ ထုတ်ထားတဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူလိုတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ Fulbright Teaching Excellence and Achievement (TEA) Program ပညာသင်ဆု ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး လျှောက် လွှာဖာင်ကို https://go.usa.gov/xAgu8 မှာရယူနိုင်ကာ RangoonUSECA@state.gov သို့ပေးပို့ရမှာ ဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။