ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီ၏ ဖက်ဒရယ်ပညာရေးကော်မရှင်(Federal Education Commission) နှင့် စဥ်းစားတွေးခေါ်သောစာသင်ခန်းဖောင်ဒေးရှင်း (Thinking Classroom Foundation) တို့မှ ပူးပေါင်းစီစဥ်တင်ဆက်သည့် “တက္ကသိုလ်အဆင့်ပညာရေးတွင် ဝေဖန်ပိုင်းခြားစဥ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း” အသံထွက်စာအုပ် အား Spotify တွင် နားထောင်နိုင်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ဒေါက်တာချားစ်တင်ပယ် ရေးသားပြုစုပြီး စဥ်းစားတွေးခေါ်သော စာသင်ခန်းဖောင်ဒေးရှင်းမှ မြန်မာဘာသာသို့ ၂၀၁၈ ခုနှစ်တွင် ပြန်ဆိုကာ ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်အား ယခု ၂၀၂၂ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီမှ Audiobook ပြုလုပ်ခြင်း မူပိုင်ခွင့်တောင်းခံရယူကာ ပူးပေါင်းစီစဥ်၍ ဖြန့်ချီထုတ်ဝေခြင်း ဖြစ်သည်။ Ebook အဖြစ် စဥ်းစားတွေးခေါ်သောစာသင်ခန်းဖောင်ဒေးရှင်း၏ Website နှင့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ယာယီတက္ကသိုလ်ကောင်စီ၏ Website တို့တွင် အခမဲ့ရယူနိုင်ပါသည်။
https://www.ucsmonywauc.org/_files/ugd/7da604_d6ecec9a00474e15acea9f456c104a07.pdf
ယခု Audiobook ဖြစ်မြောက်ရေး ကူညီပေးကြပါသော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအသီးသီးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
ယခု Audiobook သည် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်ပညာရေးစနစ် အခြေခံကောင်းများ ဖြစ်တည်ရေးတို့အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အကျိုးပြုမည်ဟုလည်း ယုံကြည်ပါသည်။
Audiobook အား နားဆင်ရန်
on Spotify:
https://open.spotify.com/show/3zkv9RyNq4U1BV5wTYblbP
#ပိုမိုအဆင့်မြင့်သော_တက္ကသိုလ်စာသင်ခန်းများဆီသို့
#thinkingclassroom_foundation
#fec
#iuc_ucsmonywa
#ucsmonywa