Q: AB test သုံးနည်းလေးနဲ့ ဘာအတွက်သုံးတယ်ဆိုတာလေး ပြောပြပေးလို့ရမလားဗျ။ တစ်ချို့ post တွေကိုပုံနှိပ်လိုက်ရင် ဖုန်းခေါ်တာတို့ စာတန်းပို့တာတို့ကကော ဘယ်လိုလုပ်တာလဲအကို ကျေးဇူးပါ။
A: နောက်တစ်ပိုင်းက ကျတော့ AB test ဆိုတာ creative ကိုစမ်းချင်တာလား၊ audience ကိုစမ်းချင်တာလား၊ placement ကို စမ်းချင်တာလား၊ ၃ ခုရွေးလို့ရတယ်ပေါ့နော်။ AB test ကိုရွေးပြီးသွားပြီးတော့ campaign တစ်ခုခုကို ကြိုက်တဲ့ objective နဲ့လုပ်လိုက်ပေါ့နော်။ ပြီးရင် AB test ကိုဖွင့်လိုက်တာနဲ့ ကျွန်တော်တို့က duplicate လုပ်မှာလား၊ ဒါမှမဟုတ်ရင် ရှိပြီးသား assent တစ်ခုနဲ့သွားပြီးတော့ ယှဉ်မှာလားဆိုပြီးတော့ ရွေးခိုင်းတယ် ပေါ့နော်။ အဲ့တော့ AB test မဖွင့်ခင်မှာ assent ကိုနှစ်ခု duplicate လုပ်ထားတယ်ဆိုရင် အဲ့ assent နှစ်ခု ကို creative မတူဘူးဆိုရင် သူ့ရဲ့ AB test ဖွင့်ပေးလို့ရှိရင် ဘယ်ဟာကိုယှဉ်ချင်တာလဲ၊ ဘယ်ဟာကို test ချင်တာလဲဆိုပြီးတော့ မေးတဲ့အချိန်မှာ သုံးခုရှိတယ်။ creative ကိုရွေးလို့ရတာရယ်၊ audience ကိုရွေးလို့ ရတာရယ်၊ placement ကိုရွေးလို့ရတာရယ်။ အဲ့မှာကျွန်တော်တို့ စမ်းချင်တဲ့ဟာလေးကို ထည့်လိုက်ပေါ့ နော်။ အဲ့အချိန်ကျရင် Ads Set နှစ်ခုမှာ Ads level နှစ်ခုကမတူတော့ဘူး။ အဲ့တော့ audience ကိုစမ်းမယ် ဆိုရင် Ads set level မှာကိုယ်တွေပြောင်းချင်တဲ့ မတူတဲ့ audience နှစ်ခုကိုထားမယ်။ တကယ်လို့ creative ကိုစမ်းချင်တယ်ဆိုရင် Ads level မှာ creative နှစ်ခုကိုထားမယ်။ placement ကိုစမ်းမယ်ဆိုရင် တော့ Ads set မှာပဲ placement ကိုစမ်းလို့ရတယ်ပေါ့နော်။ အဲ့ဟာကိုရွေးပြီးတော့ run ထားလိုက်ရုံနဲ့ သူ့ဟာသူစမ်းလိမ့်မယ်။ ပြီးရင် winner post ဆိုပြီးတက်လာလိမ့်မယ်။ AB test နဲ့စမ်းလို့ရှိရင် Ads manager ရဲ့ audience တွေဘာတွေပြတဲ့ ညာဘက်အပေါ်ထောင့်လေးမှာ AB testing ဘယ်ဟာကို စမ်းထားတယ်ဆိုတဲ့ဟာလေးနဲ့ score ဘယ်လောက်ဆိုတဲ့ဟာလေး ထွက်မှာပေါ့နော်။
Ko Alex - ဆိုတော့ AB testing ကိုအရိုးရှင်းဆုံးပြောရမယ်ဆိုရင် ကိုသန်းထွန်းအောင်ပြောသလိုပဲ creative ကိုစမ်းမှာလား၊ target ကိုစမ်းမှာလား၊ ဘယ်နေရာမှာပြလဲဆိုတဲ့ placement ကိုစမ်းမှာလားပေါ့နော်။ အဲ့တာတွေ အကုန်လုံးစမ်းကြည့်ပြီးတော့မှ ကျွန်တော်တို့ဘယ်နေရာရဲ့ result တစ်ခုကိုရဖို့ contribution အမြင့်ဆုံး ဖြစ်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က post လေးငါးခုရှိမယ်ဗျာ။ message အများဆုံး ဝင်လာတဲ့ post ကဘယ် post လဲပေါ့နော်။ အဲ့တာကိုစမ်းကြည့်ပြီးတော့ အများဆုံးဝင်လာတဲ့ post ကို ပိုက်ဆံပိုသုံးပြီးတော့ ဉပမာ- ၅ ကျပ်စီသုံးပြီးတော့ ဒေါ်လာ ၂၅ နဲ့ အရင်ဆုံး run ချတယ်။ အများဆုံး result ရတဲ့ message အများဆုံးရတဲ့ post ကို ဒေါ်လာ၁၀၀ သုံးတာတို့၊ ၂၀၀ သုံးတာတို့ဆိုတဲ့ ပုံစံမျိုးကို marketing မှာ testing လုပ်တယ်လို့ခေါ်ပါတယ်။ ဒါပေမဲ့အခုဟာက AB testing ကတော့နည်းနည်းလေး manually ဆန်သွားတယ်။ ကိုယ့်ဟာကိုယ် ဘယ် post ကိုပိုက်ဆံဘယ်လောက်ထုတ်ရမလဲ၊ ဘယ်လောက်ထည့်ရ မလဲဆိုတဲ့ပုံစံမျိုးကို ကိုယ့်ဟာကိုယ်သွားရွေးရတာ။ CBO ကကျတော့ platform ကိုယ်တိုင်က automatically boost လုပ်ပေးသွားတာ။ ဆိုတော့ကိုယ့်အနေနဲ့က post လေးငါးခု၊ Ads set သုံးလေးခု ရှိတယ်ဆိုရင် အဲ့တာတွေအကုန်ပစ်ထည့်လိုက်တာနဲ့ ဟိုဘက် platform ကနေဘယ်ဟာသည် win content ပေါ့နော်။ win Ads set ဆိုတာကို သူ့ဟာသူညှိပေးပြီးတော့မှ boost ပေးသွားတာဆိုတော့ ဘယ်ဟာကိုပိုပြီးတော့ အားပေးလဲ။
ကိုသန့်ထိုက်အောင် - AB test ကတော့တကယ်လို့ ကိုယ်ကမစမ်း ဖူးဘူး။ ဘယ်လိုမျိုးလေးထွက်တာကို သိချင်တယ်ဆိုရင်တော့ စမ်းကြည့်လို့ရတာပေါ့။ CBO ကတော့ အလုပ်ရှုပ်ပိုသက်သာတာပေါ့။ ပြီးတော့ budget လည်းပြန်ခွဲစရာမလိုဘူး။ ဒါပေမဲ့ တခါတလေကျရင် cold audience နဲ့ warm audience တွေခွဲထားတဲ့အချိန်လည်း ရှိတယ်ဗျာ။ ကျွန်တော်တို့ page ကို စမသိသေးတဲ့သူတွေ၊ ကျွန်တော်တို့ brand ကိုလုံးဝမသိသေးတဲ့သူတွေကို ပြချင်တဲ့အချိန်ပေါ့ဗျာ။ တစ်ချိန်တည်းမှာ နှစ်ခုလုံးကိုလုပ်ချင်တဲ့အချိန်မှာ exclude လုပ်ပြီးတော့ assent တွေခွဲလိုက်တာ။ အဲ့အချိန်မှာမှ page ကိုသိပြီးသားလူတွေကို နည်းနည်းပဲပြမယ်။ နည်းနည်းပဲ budget သုံးမယ်ပေါ့။ ဒါပေမဲ့အဲ့မှာ CBO ပြောင်းသုံးလိုက်မယ်ဆိုရင် audience ကြိုက်တဲ့ဟာနဲ့၊ cost per result နည်းတဲ့ဟာကို သူ့ဟာသူရွေးပြီးတော့သုံးပေးသွားတာ။
Ko Alex - cost ကိုကြည့်တာ။ တခြားဘယ်ဟာမှမကြည့်တော့ဘူး။ အဲ့တော့ fun အသစ်ပဲဖြစ်ဖြစ်၊ တစ်ခါမှမမြင်ဘူးတဲ့အဟောင်းပဲဖြစ်ဖြစ်၊ ဝယ်နေကျ customer ပဲဖြစ်ဖြစ်၊ သူကတော့ cost per result အနည်းဆုံးပေးရတဲ့ဟာကိုပဲ ဆက်ပြီးပိုက်ဆံထည့်ပေးပြီး CBO ကနေ boost လုပ်မယ်ပေါ့နော်။
#marketing #digitalmarketing #market #career #askalex #askalexmm