Listen

Description

A: အခုနောက်ပိုင်း AD အကောင့် page permission ချပြစ်တယ်ရှင့်။ ကြော်ငြာခွင့်ပိတ်တာတအား ဖြစ်လာတယ်ရှင့်။ Facebook policy လည်းအမြဲသေချာစစ်နေပေမဲ့ အခုတလော page နှစ်ခုပျက်ပြီး AD အကောင့်တွေလည်း ပြန်ဆယ်ရတယ်ရှင့်။ အဲ့လိုတွေမဖြစ်အောင်ဘယ်လိုအချက်တွေကို လုပ်ရမလဲရှင့်။ own product ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ 

Q: ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ အရင်တစ်ခေါက်က Ads policy တွေနဲ့ step by step သွားခဲ့ဖူးတဲ့ video လေးရှိပါတယ်။ အဲ့ video လေးကို တစ်ချက်ပြန်ကြည့်ပေးပါ။ အဲ့တာအကုန်ပဲ။ အဲ့လိုမဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ အဓိက policy တွေကိုမညှိ‌အောင်လုပ်ရမှာပေါ့နော်။ Facebook ရဲ့ community standard ပါမယ်။ Google မှာခေါက်ရှာကြည့်ပါ။ Facebook community standard ရှိတယ်။ ပြီးရင် Facebook ads policy ရှိတယ်။ ပြီးရင် Facebook logo guideline ရှိတယ်။ ပြီးရင် Facebook live video guideline ရှိတယ်။ အဲ့ policy လေးခုရှိပါတယ်။ အဲ့ policy လေးခုကို Google သွားခေါက်ကြည့်ပြီး ရှာကြည့်ပါ။ ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် မြန်မာပြည်က Facebook ကသိပ်မလုပ်ထားဘူးဆိုတော့ လေ ပြောရမယ်ဆိုရင် အရမ်းကြီး follow လုပ်ထားလည်းပျက်တာပဲဆိုတော့လေ။ ဒါပေမဲ့ ဘာမှမထူးဘူး ဆိုပေမဲ့ ကိုယ့်အနေနဲ့ follow လုပ်ထားတယ်ဆိုရင်တော့ နံပါတ်တစ်အချက် ပျက်နိုင်ချေနည်းတယ်။ နံပါတ်နှစ်အချက်ကကျတော့ ကိုယ့်ရဲ့ check support ကိုသွားပြီးတော့စကားပြောတဲ့အချိန်မှာ ငါကတော့ follow လုပ်တယ်။ ဘာမှကျတာမရှိဘူးဆိုတဲ့ စကားတစ်ခွန်းကိုတော့ ကိုယ့်အနေနဲ့ပိုင်ပိုင်နိုင်နိုင်လေး ပြောပြလို့ရတာပေါ့နော်။ ဆိုတော့ အဲ့ဒီ policy လေးခုကိုသွားကြည့်စေချင်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm