Listen

Description

Q:  Ads manager Campaign နဲ့ Boost Run တဲ့အခါ ငွေက ဘယ်လိုဖြတ်တာလဲဗျ၊ Campaign တွက် တစ်ခါ Ads set တွက် တစ်ခါဆိုပြီး ငွေပေါင်းဖြတ်တာလားဗျ ဒါမှမဟုတ် ၃ခုလုံးကို ပြထားတဲ့ အမောင့်က တစ်ခုဘဲ ဖြတ်တာလားဗျ အခုထိမကွဲသေးလို့။

A: ဘယ်အချိန်မှာဖြတ်လည်းဆိုတော့ ၂ကြိမ်မှာဖြတ်ပါတယ်၊ ဒုတိယမေးခွန်းကို အရင်ဖြေပါမယ် Campaign အတွက် Ads set အတွက်ဆိုပြီးတော့ ပေါင်းဖြတ်တာမဟုတ်ဘူး အဲ့ ၃ခုလုံးက တစ်ခုဘဲ၊ နောက်တခါ ကြော်ငြာတစ်ခုဘဲ တခါဘဲဖြတ်တာ ၃ခုလုံးကို ပြထားတဲ့ amount က တစ်ခုဘဲဖြတ်တာ၊ အပေါ်ကမေးခွန်းပြန်ဖြေမယ် သူတို့ဘက်က ၂ချိန်ဖြတ်လို့ရတယ်၊ တစ်ချိန်က ကျတော့ ကျွန်တော်တို့ရဲ့ Ads Manager ထဲမှာ ဘယ်လောက် billing ဆိုတဲ့ tap ထဲမှာ ဘယ်လောက်ပြည့်သွားရင် ဥပမာ ဒေါ်လာ ၃၀ ပြည့်သွားရင် ဒေါ်လာ ၅၀/ ၁၀၀ ပြည့်သွားရင် ငွေဖြတ်ပါဆိုတဲ့ဟာကို သွားပြီး ဆက်လုပ်လို့ရတယ်၊ Ads manager အောက်က billing အောက်ထဲမှာ အဲ့တာကို ကျွန်တော် ဆက်လုပ်လိုက်တယ်ဆိုရင်က ဥပမာ ၃၀ ဖိုးပြည့်တိုင်း ဖြတ်ပါဆိုရင် ဒီဘက်က ၃၀ ဖိုး boost ပြီးပြီဆိုတာနဲ့ ၄၀ ဆိုလည်း ၄၀၊ ၅၀ ဆိုလည်း ၅၀ ၃၀ ပြည့်တိုင်း ၄၀ ပြည့်တိုင်း၊ ၅၀ ပြည့်တိုင်း ဖြတ်သွားလိမ့်မယ်၊ အဲ့လိုမဟုတ်ရင် ကျွန်တော်တို့က တစ်လပြည့်ရင် တခါဖြတ်တယ် ဘယ်လောက်ဘဲဖြစ်ဖြစ် ဥပမာ ကျွန်တော်တို့က ၃၀ ပေးထားတယ်၊ တစ်လ လုံးမှ ၂၀ ဖိုးဘဲ boost လုပ်တယ် ဆိုလို့ရှိရင်လကုန်သွားရင် ၂၀ဖိုးဖြတ်ပါတယ်၊ အဲ့တာက facebook ads manager အနေနဲ့ ဘယ်လိုမျိုးဖြတ်တယ် ဆိုတာလေးပါ။

#marketing #digitalmarketing #market #career #askalex #askalexmm