Q: page ကရာသက်ပန် ads run မရခဲ့ရင် page ကိုဘယ်လိုနည်းနဲ့ promote လုပ်သင့်လည်းအစ်ကို။
A: ကျွန်တော်အကြံပေးနိုင်တာကတော့ ရာသက်ပန် page run လို့မရဘူးဆိုရင်တော့ နှစ်ပိုင်းပေါ့လေ။ တစ်ပိုင်းကကျတော့ အကြံပေးချင်တာက ကိုယ့်ရဲ့ client ကိုဒီ page ကိုဆက်သုံးမှာလားပေါ့။ အဲ့တော့ ထားပါတော့ million နဲ့ချီနေပြီ။ ဒါမှမဟုတ် ငါးသိန်းလောက်ရှိနေပြီ fan page က။ အဲ့ဒီအချိန်မှာ page အသစ်မဖွင့်ချင်တော့ဘူး။ ဒီ page နဲ့ပဲဆက်သွားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကထပ်ပြီးစဉ်းစားရ တော့မှာ။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ အကြံပေးချင်တာက page အသစ်လေးဖွင့်မယ်ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့။ အဲ့လိုမဟုတ်ဘူး page က follower တွေအရမ်းများနေပြီ တခြား Page တွေ ထပ်မဖွင့်ချင်တော့ဘူးဆိုရင် တော့ အကြံပေးလို့ရတာက display ads တွေ run လို့ရတာရှိတယ်။ display ads ဆိုတာက programmatic ads။ ကျွန်တော်တို့ရဲ့ website တွေ media တွေမှာကြော်ငြာလို့ရတဲ့ ပုံစံမျိုးပေါ့လေ။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာက programmatic ads run လို့ရတယ်။ ပြီးရင်နောက်တစ်ခုက KOL marketing, influence marketing run လို့ရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက Facebook page မှမလိုတာဆိုတော့ သွားလို့ရတယ်။ ပြီးရင်ထုံးစံအတိုင်း မြန်မာပြည်သည် paid PR သွားလို့ရတယ်။ ဆိုလိုချင်တာက media တွေခေါ်ပြီးတော့ product review လုပ်တဲ့ပုံစံမျိုးပေါ့နော်။ အဲ့လိုပုံစံမျိုးနဲ့သွားလို့ရတယ်။ ကျွန်တော် ကတော့ အဲ့ဒီသုံးခုကို အဓိကမြင်တယ်။ ဒါက page ကနေပြီးတော့ run လို့မရခဲ့ရင်ပေါ့။ Facebook ကို ဂျီကျတာကတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ကိုယ့်အနေနဲ့ကလည်း option B အနေနဲ့ ဘာလုပ်ကြမှာလဲ ဆိုတဲ့ ပုံစံမျိုးလေးကိုတော့ တွေးစေချင်တယ်။ ခုနကပြောခဲ့တဲ့ programmatic ရော influence marketing ရော paid PR ပေါ့လေ။ အဲ့ဒီဟာကို ကြော်ငြာဝင်ရမယ်ဆိုရင် ကျွန်တော့် level up marketing agency မှာလုပ်ပေးလေ့ရှိပါတယ်။ brand တွေမှမဟုတ်ဘူး။ agency တွေကိုလည်း အဲ့ဒီ agency service ကို support ပေးတာဆိုတော့လေ။ တစ်ခုခုအကူအညီလိုတယ်ဆိုရင် ကူညီပေးလို့ရပါတယ်။ အဲ့ဒါလေး ကြော် ငြာတစ်ချက်ဝင်တာပါ။
#marketing #digitalmarketing #market #career #askalex #askalexmm