Q: audience network native, banner and interstitial, audience network rewarded video, audience network in-stream video တွေအကြောင်းသိချင်ပါတယ်အကို။
A: audience network ဆိုတာအရင်ဆုံးရှင်းပြမယ်။ audience network က ဘာပြောတာလဲဆိုတော့ Facebook နဲ့ချိတ်ထားတဲ့ တခြားသော network တွေရှိပါတယ်။ ဆိုလိုချင်တာက Facebook တစ်ခုတည်း Meta ကပိုင်တာ မဟုတ်ဘူး။ အဲ့တော့ Facebook ရဲ့ ads platform ကို Facebook boost လုပ်တဲ့ business manager ကိုသုံးပြီးတော့မှ တခြား media တွေမှာ ဥပမာ- games တို့ video site တို့ဘာတို့ညာတို့မှာသွားပြီးတော့ ကြော်ငြာလို့ရတဲ့ဟာလေးတွေရှိတယ်။ Tender မှာလည်းရတယ်။ Tender မှာကြော်ငြာတစ်ခုတက်လာ တော့ သူတို့ရဲ့ question mark sign လေးတွေရှိတယ်။ Why do I see this ads? ဆိုတဲ့ question mark sign လေးတွေရှိတယ်။ ကြော်ငြာတွေမြင်တယ်ဆိုရင် ဘယ် platform ကနေပြနေလဲဆိုတာ ကျွန်တော်က အရမ်းစိတ်ဝင်စားတော့ လိုက်ကြည့်တာကိုး။ အဲ့အချိန်မှာ Tender တို့အထူးသဖြင့် Facebook ရဲ့ audience network က application တွေမှာများတယ်။ game တို့ Tender တို့စတဲ့ application တွေမှာများတာ ဆိုတော့ အဲ့ဒီ network ကြီးတစ်ခုလုံး အဲ့ဒီ software အဲ့ဒီ ads network ကြီးတစ်ခုလုံးက Facebook ရဲ့ audience network လို့ခေါ်ပါတယ်။ အဲ့တော့ Facebook ads manager ထဲမှာသွားပြီးကြော်ငြာရုံနဲ့ အဲ့ဒီ audience network ကိုရွေးထားခဲ့တယ်ဆိုရင် တခြားသော application တွေမှာလည်း ကျွန်တော်တို့ရဲ့ ကြော်ငြာကိုမြင်ရနိုင်ပါတယ်။ အဲ့မှာမှ ကျွန်တော်တို့ကကွဲသွားတာပါ။ in-stream video ဆိုတာက ကျတော့ အဲ့ဒီ audience network က video တက်နေတယ်။ video application တွေဆိုရင် ကျွန်တော် တို့ရဲ့ကြော်ငြာသည် video တွေရဲ့ကြားထဲမှာ တွေ့ပါလိမ့်မယ်။ ပြီးရင် audience network rewarded video ဆိုတာကကျတော့ game ဆော့နေရင်း အကောင်သေသွားတယ်။ အဲ့တော့ အကောင်အသစ်ရချင် တယ်ဆိုရင် ကြော်ငြာကြည့်ဆိုတဲ့ဟာက audience network rewarded video ပါ။ audience network native, banner and interstitial ဆိုတာကျတော့ website တွေမှာ ကြော်ငြာလေးတွေထိုးတဲ့ဟာမျိုး။ ဥပမာ- pop-up လေးတွေပေါ်လာတာတို့ အောက်နားလေးမှာပြေးနေတာတို့ စတဲ့ ကြော်ငြာတွေအကုန်က audience network native, banner and interstitial ပါ။ ဆိုတော့အဲ့ဒီဟာတွေက audience network အကြောင်း။ ဒါပေမဲ့ audience network ဆိုတာကဘာနဲ့ သဘောတရားချင်းသွားတူလဲဆိုတော့ programmatic ads, native ads နဲ့သွားတူပါတယ်။ Facebook ရဲ့ audience network ကိုသုံးတဲ့လူတော်တော်ရှားတယ်။ Facebook ရဲ့ audience network က တော်တော်လေး limited ဖြစ်လို့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ level up မှာ deal လုပ်ထားတဲ့ third party programmatic ads provider တွေရှိတယ်ပေါ့နော်။ သူတို့ဆိုရင် ဘာတွေပါရလဲဆိုရင်ထားပါတော့ ဥပမာ- Ooredoo sim card ကိုသုံးတဲ့သူတွေပဲပြမယ်။ သုံးတဲ့သူတွေထဲမှာမှ SEC A ဝင်ငွေများတဲ့သူတွေကို ပြောတာ.. SEC A ကြော်ငြာမယ်။ SEC B ကြော်ငြာမယ်။ SEC C ကြော်ငြာမယ်။ စတဲ့ဟာတွေကို ကျွန်တော်တို့သွားလို့လည်းရတယ်။ စျေးကတော့ Facebook ထက်တော့ ပိုကြီးတာပေါ့လေ။ ဒါပေမဲ့ Facebook ရဲ့ audience network ရဲ့ course per bench mark တွေက ဘယ်လောက်ရှိလဲ ကျွန်တော်တို့လည်းမသိဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက audience network ကိုသုံးတဲ့သူက တော်တော်ရှားတယ်။ အကယ်လို့ ကျွန်တော်တို့ဘက်က client တွေက တခြားသော website တွေမှာ ဥပမာ- Viber ကိုလူဆွဲခေါ်ချင်လို့ ဒါမှမဟုတ်ကိုယ့်ရဲ့ website ကိုလူဆွဲခေါ်ချင်လို့ သွားတာဆိုရင်တော့ ကျွန်တော်တို့က Facebook audience network ကိုသုံးတာထက်စာရင် programmatic ads ကိုညွှန်ပေးပြီးတော့မှ ကျွန်တော်တို့ရဲ့ partner တွေရဲ့ programmatic ads ကို သုံးပါတယ်။ ဘာလို့လဲဆိုတော့ targeting option ကအရမ်းကွာတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm