Q: audience ရွေးတဲ့အချိန်မှာ ကိုယ့် product နဲ့ကိုက်ညီအောင် ဘယ်လိုရွေးရမလဲ ဥပမာ shoe ဆိုရင် shoes, shoe store အာ့လောက်ဘဲရွေးရင် ရပြီလားရှင့်။ ပိုပြီး advance ဖြစ်အောင် audience network ပိုကျယ်အောင် ဘယ်လိုမျိုးစဉ်းစား research လုပ်သင့်လဲရှင့် ။
A: အဲ့ဒီအပိုင်းက ကျွန်တော်တို့ပြောနေကြ micro moment ဆိုတဲ့အပိုင်းလေးကို ကျွန်တော်တို့ရှင်းပြမယ်။ micro moment ဆိုတာ ဘာကိုပြောတာလဲ ဆိုတော့ လူတစ်ယောက်ရဲ့ ကိုယ့်ပစ္စည်းကိုသုံးမဲ့ Auction လေးတွေ ရှိတယ်။ သူတို့ enjoy လုပ်မဲ့ သူတို့ရဲ့ experience လေးတွေရှိမယ်၊ အဲ့တာကို moment လေးတွေနဲ့ ပြင်လိုက်တာ၊ ဥပမာ ဖိနပ်ဆိုလို့ရှိရင်တောင်မှ ကျွန်တော်တို့ကဖိနပ်ကို ဘယ်အချိန်မှာစီးမှာလဲဆိုတာ ရှိတယ်၊ ဘယ်လိုဖိနပ်မျိုးရောင်းမှာလဲ ဆိုတာရှိမယ် shoes ဆိုတာမျိုးက ဖိနပ်ဝယ်မယ် ဆိုပြီး လိုက်ကြည့် တဲ့သူက ဝယ်မယ်လို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဆိုလို့ရှိရင်က ဖိနပ်လို့လိုက်ရှာတာလည်းရှိတယ်၊ ဝယ်မယ်လို့ ဆုံးဖြတ်တာမဟုတ်သေးဘူး သူတို့အနေနဲ့ ပွဲတစ်ပွဲရှိတယ်ဆိုပြီးတော့ Facebook chat လုပ်နေကြတယ်၊ သူကပွဲသွားဖို့အကျီတွေ လိုက်ရှာနေတယ်၊ သူတို့သည် ဖိနပ်ရှာတာမဟုတ်တဲ့အတွက် ကျွန်တော်တို့ shoes လို့သတ်မှတ်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ feed ကပေါ်မှာမဟုတ်ပါဘူး၊ ကျွန်တော်အနေနဲ့ အကြံ ပေးချင်တာက micro moment ကို အရင်ဆုံးကြည့်စေချင်တယ်၊ ကျွန်တော် ၂ပိုင်းပြောမယ် ၁ပိုင်းက media ပိုင်းနဲ့ ပတ်သတ်တာ၊ နောက်တစ်ပိုင်းက content နဲ့ပတ်သတ်တာ၊ ပထမပိုင်း ကိုယ့်ရဲ့ဝယ်မဲ့သူက ကိုယ့်ရဲ့ပစ္စည်းကို ဘယ်လိုနေရာလေးမှာသုံးမှာလဲ ကျွန်တော်တို့ သတိထားကြည့်စေချင်တယ်။ ဥပမာ ပွဲတတ်မှာလား၊ ရုံးတတ်မှာလား၊ ကျောင်းသွားမှာလား၊ ရုံးဆို လို့ရှိရင်လည်း office တွေသွားလို့ရနိုင်တယ်။ ဒါဆိုလို့ရှိရင် ရုံးနဲ့ပတ်သက်တဲ့ ဖိနပ်လေးတွေရောင်းပေါ့နော်။ လယ်သာရှူးတွေပဲဖြစ်ဖြစ်၊ ခြေချောင်းတွေ မပေါ်တဲ့ ဖိနပ်မျိုးတွေဖြစ်ဖြစ် ရုံးအတွက်က အဆင်ပြေတယ်။ ကျောင်းသွားမယ်ဆိုရင်လည်း ဂွင်းထိုးဖိနပ်လေးတွေ၊ ခြေညှပ်ဖိနပ်တွေဆိုရင်က အဆင်ပြေတယ်။ ပြီးရင် အခမ်းအနားတက်တဲ့ဟာဆိုရင်လည်း dress shoe တွေပေါ့လေ။ အဲ့လိုမျိုးတွေ သွားလို့ရနိုင်တယ်။ အဲ့တာကနည်းနည်းလေးပိုပြီးသွားလို့ရမယ့် shoe နဲ့မဟုတ်ဘဲ moment နဲ့အခြေခံလိုက်တာ။ product ရောင်းတာမဟုတ်ဘဲ သူတို့ရဲ့ experience ကို ရောင်းတာဖြစ်သွားတာ။ ကျွန်တော်အမြဲအကြံပေးတာက product ရောင်းတာမဟုတ်ဘဲ experience ကို ရောင်းစေချင်တယ်။ လူတွေရဲ့ခေါင်းထဲမှာ မှတ်မိနိုင်ချေများတာပေါ့လေ။ ဝယ်ဖို့အတွက် ready ဖြစ်နေတဲ့ သူတွေကိုရောင်းတာ ကိစ္စမရှိပေမဲ့ ready ဖြစ်မနေတဲ့သူတွေ thought process မှာ ဖိနပ်ဝယ်တော့မယ် ဆိုပြီး ခေါင်းထဲမှာဝင်နေပြီဆိုရင် ဖိနပ်ရောင်းလို့ရတယ်။ အင်္ကျီဝယ်ချင်တဲ့သူကို ဖိနပ်ဘယ်လိုရောင်းကြ မလဲဆိုတဲ့ sale မှာက up selling, cross selling ရှိတယ်ပေါ့လေ။ cross selling ပုံစံမျိုးနည်းနည်းလေး ဖြည့်တွေးကြည့်တဲ့အချိန်မှာ wedding တွေဘာတွေညာတွေအကုန်လုံးနဲ့ပတ်သက်တဲ့ shoe တွေကိုသွား ပြလိုက်ပြီးတော့မှ wedding နဲ့ပတ်သက်တဲ့ target တွေကိုထားမယ်ဆိုရင်က အဆင်ပြေတယ်လို့တော့ ထင်တယ်။ အဲ့တာက media buying အပိုင်း။ Boosting အပိုင်းပါ။
#marketing #digitalmarketing #market #career #askalex #askalexmm