Q: Blogger lineမှာ လူပိုသိလာအောင် ဘာတွေနဲ့ချိတ်ဆက်အလုပ်လုပ်ရမလဲ next step ကို သွားဖို့ဘာတွေ လိုမလဲသိချင်ပါတယ် အမေးက out of the box ဖြစ်နေရင် sorry ပါ အဆင်ပြေရင် ဖြေပေးပါအုံးနော် ကျေးဇူးပါ။
A: Blogger industry က ကျွန်တော်မြင်တာက လုပ်သင့်တာကလေ co-operation တွေများများလုပ်၊ co-operation ဆိုတာက ကျွန်တော်တို့ရဲ့ ဆိုင်ရာဆိုင်ရာ တခြားသော blogger တွေရှိချင်ရှိမယ်။ ဒါမှမဟုတ် တခြားသော media တွေရှိချင်ရှိမယ်။ အဲ့လိုမျိုး co-operation တွေသာများများလုပ်စေချင်တယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ Facebook က engagement များလေလေ reach ပိုရလေလေပဲဖြစ်တဲ့ အလျောက် ကျွန်တော်တို့ Alex Khaing page ကိုအရင်တုန်းကစတုန်းက အခုလည်းဘယ်လောက်မှ ပေါက်တယ်လို့ပြောတာမဟုတ်ဘူးနော်။ လေးသောင်းကျော်ပဲရှိတယ် fan page က။ ဒါပေမဲ့ ဆိုလိုချင် တာက ကျွန်တော်အရင် ၂၀၁၈ မှာ page ကိုစပြီးလုပ်တုန်းက co-operation တွေအများကြီးလုပ်ခဲ့တယ်။ blogger တွေတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်ရဲ့ field က business field ဆိုတော့ business ထဲမှာရှိနေတဲ့ အစ်ကိုတွေအမတွေနဲ့ cooperate လုပ်ပြီးတော့မှ သူတို့ရဲ့အမြင်အတွေးတွေပါကြားအောင် ပေးခဲ့တာတွေရှိတယ်။ ကျွန်တော် အကြံပေးချင်တာတစ်ခုက ဒီ blogger industry မှာ နည်းနည်းလေးပိုပြီးတော့ လူသိများချင်တယ် line မှာလူပိုသိလာအောင်လုပ်ချင်တယ်ဆိုရင် next step ကတော့ ကျွန်တော်မြင်တာက co-operation သာလုပ်ပါ။ co-operation လုပ်ခြင်းသည် အကောင်းဆုံးပဲ။
#marketing #digitalmarketing #market #career #askalex #askalexmm