Listen

Description

Q: Boost ပေမဲ့ တစ် post ထဲကနေဘဲ ရောင်းနေရတယ် အစ်ကို၊ ပြီးတော့ content, graphics သေချာပြင်ပြီး boost လည်း အဆင်မပြေဘူး ဖြစ်နေလို့ပါ။

A: ကျွန်တော်ပေးချင်တဲ့ suggestion ကတော့ content ပိုလုပ်ဖို့ပါဘဲ အဓိကကတော့ တော်တော်များများက ကိုယ်လုပ်လိုက်တဲ့ content ပေါ်မှာမူတည်ပြီးတော့ lead တွေဝင်လာမယ်လို့ ပိုက်ဆံ boost လိုက်မယ်ဆို ရင် lead တွေဝင်လာမယ်လို့ မျှော်လင့်ထားကြတာများတာပေါ့ ကျွန်တော်ကတော့ ဒါနောက်ပိုင်း ကျွန်တော် boost ပေမဲ့ lead ဝင်တဲ့ဟာက တော်တော်လေးကို နည်းသွားနိုင်ပါတယ်။ သတင်းကောင်းမဟုတ်ဘူးဆိုပေမဲ့ပေါ့လေ.. တစ်ခုကတော့ ကျွန်တော်အကြံပေးချင်တာက content လုပ်တဲ့အချိန်မှာ ညီမလေးရေးထားတာကတော့ တစ် post ထဲကနေဘဲ ရောင်းနေရတယ်ဆိုတော့ အနည်းဆုံးတော့ something work ဗျာ အဲ့ တစ် post ထဲကပုံစံမျိုး ကိုဘဲ ပွားပွားပြီးတော့‌ ရေးကြည့်မယ်ဆိုလို့ရှိရင် content visual guide design လုပ်နိုင်မယ်ဆိုလို့ရှိရင် အများကြီးပိုပြီးတော့ အဆင်ပြေနိင်မယ်လို့တော့ ယူဆပါတယ်။ အဲ့တော့ boosting နဲ့အဆင်မပြေဘူး ဆိုတာက ခဏခဏ လည်း ပြောလေ့ရှိပါတယ်၊ Boost တာသည် effectiveness က ၃၀% လောက်ဘဲ effectiveness ကရှိတာပါ ၊ Boost လို့ရောင်းရတယ်ဆိုတဲ့ ခေတ်က တဖြေးဖြးရှိမှာမဟုတ်တော့ဘူး။ Boost တိုင်းသာ ရောင်းရတယ်ဆိုလို့ရှိရင်က ထားပါတော့ ကျွန်တော်တို့ ဒီ Telecom တွေ Mobile brand တွေ စတဲ့စတဲ့ brand တွေက ဒေါ်လာကို တစ်လ တစ်လကို ထောင်နဲ့ချီပြီး Boost လုပ်လို့ရတာပေါ့၊ Boost တိုင်းရောင်းရဖို့က အများကြီးခဲယဉ်းသွားပြီ။ ဒါပေမဲ့ ဒီကာလကတော့ ကျွန်တော်မြင်တာက Boost လုပ်တဲ့အချိန်မှာ ကျွန်တော်က brand သမားဆိုတော့ ကိုယ့်ရဲ့ brand က ဘယ်လောက်ထိ ယုံကြည်နိုင်မလဲဆိုတဲ့ ဟာပေါ်မှာ အများကြီးမူတည်ပြီးတော့ ကြည့်ကြတယ်လို့တော့ ကျွန်တော်အနေနဲ့ မြင်တယ်၊ ဒါကလည်း အခုနောက်ပိုင်း online shop ဆိုလို့ရှိရင်  online shop အကြီးကြီး ဆိုတာက နှစ်ရှည်ရှည် customer service ကောင်းကောင်း လုပ်နိုင်တဲ့ online shop တွေဘဲ အခုနောက်ပိုင်း လူတွေကသွားတိုး ပြီးတော့ ဝယ်ကြတဲ့ဟာဘဲ မြင်ကြတာဆိုတော့ တစ်ခုဘဲ Boosting Boosting ဘဲ သွားနေတယ် ဆိုတာထက် ကိုယ့်ရဲ့  Brand တစ်ခု  legacy တစ်ခုကို သွားစေချင်ပါတယ်၊ မဟုတ်ရင်က    ဒီ online shop နေပြီးတော့လည်း လူတွေအကုန်လုံးက customerပါးဝလာကြပြီ၊ ဘာကြောင်း အဲ့လိုပြောရလဲဆိုတော့ တစ်ခုခုမြင်လိုက်လို့ အပြင်လိုဘဲဗျာ အရင်တုန်းက တခါမှ အွန်လိုင်း‌ရှော့မဝယ်ဖူးတဲ့သူတွေက နည်းနည်း  များတယ် အဲ့အခါဘယ်လိုဖြစ်လဲဆိုတော့ post တက်လာပြီးဆိုကတည်းက  send message မြင်တည်းက ဝယ်လိုက်တဲ့ဟာများတယ်၊ အခုဟာကျတော့ ပစ္စည်းတမျိုးကိုဘဲ လူတိုင်းကရောင်းနေတာ online shop တိုင်းကရောင်းနေတာ အဲ့တော့ကျွန်တော်တို့က အဲ့ပစ္စည်းတမျိုးရဲ့ နာမယ်ကိုဘဲ Facebook search boxမှာ search လုပ်ပြီး ရိုက်ချရင် အများကြီးထွက်လာတယ်၊ အဲ့အများကြီးထဲမှာမှ ဘယ်ဟာက စျေးသက်သာလဲ၊ ဘယ်ဟာက customer service ကောင်းလဲ မကောင်းလဲ တစ်ထိုင်ထဲဖုန်းပွတ်ပြီးတော့ ‌ရွေးလို့ရနေတဲ့ အချိန်ဖြစ်နေပြီ ဆိုတော့ကျတော့ boost လုပ်တိုင်း မက်ဆေ့ဝင်မယ် boost လုပ်တိုင်းရောင်းရမယ် ဆိုတဲ့ခေတ်က အများကြီးကျန်ခဲ့ပြီလို့ ကျွန်တော်အနေနဲ့ မြင်တာဘဲ၊ အဲ့လိုမျိုးထက်စာလို့ရှိရင် ကျွန်တော်က ဘယ်လိုမျိုး‌ရှေ့ဆက်ပြီးတော့ brand တစ်ခုအနေနဲ့ ရပ်တည်နိုင်မလဲဆိုတဲ့ ဟာမျိုးလေးတွေ စဉ်းစားမယ်ဆိုလို့ရှိရင်တော့ အများကြီးပိုပြီးတော့  coming လာမဲ့နှစ်တွေမှာ ပိုပြီးအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။ boost တိုင်းတော့ နောက်ပိုင်းက အဆင်ပြေနိုင်ဖို့က  ကိုယ်ရဲ့ brand ကို ယုံကြည်မှုတစ်ခု တည်ဆောက်မထားနိုင်ဘူးဆိုရင် အဲ့တာ သိပ်တော့အဆင်ပြေမှာ မဟုတ်ဘူးဗျ။

#marketing #digitalmarketing #market #career #askalex #askalexmm