Listen

Description

Q: boost သုံးပေမဲ့ engagement လုံးဝမရှိတဲ့ page အတွက်ပုံမှန်ဘာလုပ်သင့်လဲရှင့်။

A: အဲ့တာဆိုရင် ပထမဆုံးကျွန်တော်တို့က page က အသစ်လား.. product ကအသစ်လားပေါ့လေ။ အဲ့တာဆိုရင်တော့ engagement campaign နဲ့စ run မဲ့အချိန်မှာ content ကိုတော့သေသေချာချာလေး စဉ်းစားပြီးတော့ ကျွန်တော်တို့ audience နဲ့ကိုက်မဲ့ဟာလေး လုပ်ရမှာပေါ့နော်။ အဲ့တာကိုမှ စျေးကြီးနေတဲ့ဟာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Ads account ကလည်းအသစ်၊ page ကလည်းအသစ်၊ audience ကလည်းအသစ်ဆောက်ပြီးတော့ ထည့်ရတဲ့အချိန်မှာ Facebook ကိုယ်တိုင်ကလည်းသူ့ရဲ့ learning page ဆိုတာကလည်း ရှိတယ်ပေါ့နော်။ အဲ့တစ်ခုကိုတော့ အချိန်ခဏတော့စောင့်ပေးရမှာပေါ့‌။ ဒါပေမဲ့အခုမှ engagement တွေစပြီးတော့လိုချင်တယ်ဆိုရင် ကျွန်တော်တို့က page like တွေဘာတွေ လည်း တစ်ခါတည်း parallel သွားထားရမှာပေါ့လေ။ page like ကတော့မ run ခင်မှာ content လေးငါးခု တော့ စဉ်းစားထားရမှာပေါ့နော်။ အဲ့တာပြီးရင် post တွေကို organic ကောင်းအောင်လို့၊ ကျွန်တော်တို့ audience နဲ့ကိုက်မဲ့ပုံစံမျိုး‌၊  tone of voice ဆိုရင်လည်း ကိုက်မဲ့ဟာမျိုး စဉ်းစားပြီးတော့ အကောင်းဆုံး ဖြစ်နိုင်မဲ့ဟာလေး ထည့်ပေးပေါ့နော်။ engagement နဲ့စပြီး run ကြည့်ပေါ့။ ဒါပေမဲ့အဲ့အချိန်မှာ ပုံမှန်ထက် ကိုပိုပြီးစျေးများနေတယ်ဆိုရင် engagement ကိုခဏရပ်ထားပြီးတော့ impression လောက်နဲ့ပဲအရင် drive ကြည့်ပေါ့နော်။ impression ကရောအဆင်ပြေပြီလား။ အဆင်ပြေပြီဆိုရင် engagement ကို ပြန်သွားလို့ရတယ်။ ဒါပေမဲ့ အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာလည်း page like ကိုတိုးအောင် ဘေးကနေ promote လုပ်နေရမှာပေါ့နော်။ အဲ့တော့ page like က ကျွန်‌တော်သိသလောက်က Facebook က campaign နဲ့ပဲ page like run တဲ့ဟာကတော့ အကောင်းဆုံးပေါ့နော်။ အဲ့တာမှလိုချင်တဲ့ ကျွန်တော်တို့ audience ဆီကိုရောက်မှာပေါ့‌။

#marketing #digitalmarketing #market #career #askalex #askalexmm