Q: Boost လုပ်တဲ့အခါ Campaign ရွေးရင် Reach နဲ့ Brand Awareness ဘယ်လိုကွာလဲဗျ။ ဘယ်လိုဟာမျိုးတွေကို Brand Awareness သုံးပေးသင့်ပါလဲဗျ။
A: Reach နဲ့ Brand Awareness က အဓိကဘာကွာသွားလဲဆို ပြပေးတဲ့ frequency ကွာပါတယ်။ Brand Awareness ကို Facebook ကဘာလုပ်ပေးထားလဲဆိုရင် Brand ကို အနည်းဆုံး ၂ရက်အတွင်းမှာမှတ်မိနိုင်အောင် လုပ်ပေးပါတယ်။ ဥပမာ - ကျွန်တော့်ကိုကြော်ငြာတစ်ခုလာပြတယ်ဆိုရင် နောက်ထပ်နှစ်ရက်နေရင်တောင် အဲ့ကြော်ငြာကိုမှတ်မိနေလိမ့်မယ်။ အဲ့လိုမျိုးမှတ်မိစေချင်တယ်ဆိုရင် Brand Awareness နဲ့ run ပေးပါ။ အဲ့လိုမျိုးမဟုတ်ဘဲ Reach နဲ့ဆိုရင် Facebook reach objective ရဲ့ defination က maximum number of people ဖြစ်တဲ့အတွက် လူများနိုင်သလောက်များများကို Facebook ကအဲ့ကြော်ငြာကိုပြပေးပေမယ့် ဘယ်နှကြိမ်ပြပေးမယ်ဆိုတာတော့မပြောပါဘူး။ အဲ့တော့ Facebook ရဲ့ reach objective က လူများနိုင်သလောက်ပြပေးပြီးတော့ Brand Awareness ကတော့ brand ကို မှတ်မိအောင်ပြပေးပါတယ်။ Brand Awareness ကိုဘယ်လိုနေရာတွေမှာသုံးသင့်လဲဆိုတော့ TVC တွေ၊ Branding နဲ့ပတ်သတ်တဲ့ကြော်ငြာတွေမှာ သုံးပေးသင့်ပါတယ်။