Listen

Description

Q: TikTok ကို Brand Awareness အတွက်သုံးရင် ထိရောက်နိုင်လား? ထိရောက်မှုကို ဘယ်လိုတိုင်းလို့ရမလဲ?

A: အခုလောလောဆယ် အခြေအနေအထိကတော့ view ပဲတိုင်းလို့ရမယ်။ အခုက TikTok ကနေဈေးလည်းဝယ်လို့မရသလို Message လည်းပို့လို့မရသေးဘူး။ Brand Awareness အတွက်သုံးရင် ထိရောက်လားဆိုတော့ Facebook, Billboard, Flayer စတာတွေကို ကို Brand Awareness အတွက်သုံးရင် ထိရောက်လား၊ မထိရောက်ဘူးလားဆိုတာကို ဘယ်လိုတိုင်းလဲ ဆိုတဲ့မေးခွန်းနဲ့တူမယ်လို့ထင်တယ်။ ကျွန်တော့်အနေနဲ့ Brand Awareness ကိုထိရောက်လား၊ မထိရောက်ဘူးလား ဘယ်လိုတိုင်းမလဲဆိုရင် တိုင်းရမယ့်နည်းက တစ်ခုပဲရှိမယ်လို့ထင်တယ်။ အဲ့တာကလည်း Top of mind Awareness လို့ထင်တယ်။ ကျွန်တော်တို့ကTop of mind ဖြစ်နေလားဆိုတာကို သွားတိုင်းရတာပေါ့။ အဲ့တော့ TOM တိုင်းမယ်ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ တိုင်းမယ့် Market ကိုရွေးလိုက်၊ ဥပမာ - Yangon region ကိုသွားမယ်ဆိုရင် Yangon region ကိုမှ wet market လားတစ်ခုခုပေါ့။ အဲ့တော့ Champaign run ပြီဆို Campaign run ပြီးတာနဲ့ကျွန်တော်တို့ရဲ့ Target audience ကလူတွေကို qualitative survey run ရတယ်။ ဥပမာ - လူအယောက်လေးငါးရာလောက်ကို အစ်ကို့ TV ကြည့်ရင်းမုန့်စားမယ်ဆိုရင် ဘာမုန့်စားချင်လည်း ခေါင်းထဲပေါ်လာတာဖြေပါဆိုတဲ့ဟာမျိုးပေါ့။ အဲ့ထဲကမှ ကိုယ့် Brand နာမည်ပါတယ်ဆိုရင် ကျွန်တော်တို့ရဲ့ Brand Awareness ကပေါက်တယ်၊ ထိရောက်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ အဲ့တော့စတိုင်းမယ်ဆိုရင် Before Champaign နဲ့ After Champaign ကိုတိုင်းရတယ်။ Before Champaign မှာ Top of mind awareness ရဲ့ ဘယ်လောက် percent ရှိနေတာလဲ? After Champaign မှာဘယ်လောက်အထိတက်လာတာလည်းဆိုတဲ့ပုံစံမျိုးကို ကျွန်တော်တို့ကတိုင်းရတာပေါ့။ ပြီတော့ ဒါကဘယ် platform ရဲ့ marketing က brand awareness ကထိရောက်လားမထိရောက်ဘူးလားဆိုတာကို တိုင်းတဲ့ပုံစံပါ။ TikTok ကို brand awareness အတွက်သုံးရင်ထိရောက်လားဆိုရင်တော့ ကျွန်တော်ပြောခဲ့သလို qualitative survey ကို ဈေးထဲမှာလိုက်မေးတာမျိုး၊ ဒါမှမဟုတ် Facebook မှာပဲ target ထားပြီးတော့ လူအယောက်တစ်ရာကို phone bill 1000 ပေးမယ်ဆိုပြီး survey form နဲ့ boost ချလိုက်။ အဲ့လိုမျိုးလုပ်ရင်လည်း data လေးတွေပြန်ရတာပေါ့။