Brand Equity ရဲ့ အဓိပ္ပာယ်လေးသိချင်လို့ပါ။
Brand Equity ဆိုတာဘယ်လိုခေါ်မလဲဆိုတော့ Marketing လုပ်လို့ ဒီ Brand တစ်ခုကိုလူတွေကဘယ်လောက်အထိ ပိုက်ဆံပေးချင်လဲဆိုတာပေါ့။ ဥပမာ - Apple, Mercedes, BMW စတဲ့ Brand တွေပေါ့လေ။ ကျွန်တော်မြင်တာကတော့ Perceived benefit နဲ့ Perceived cost ပေါ့လေ။ Perceived Benefit ဆိုတာက ကိုယ်ရတယ်လို့ မြင်လိုက်တဲ့ benefit ဗျာ။ တစ်ခါတစ်လေတော့ ရတယ်လို့မြင်လိုက်တဲ့ benefit ကသိပ်မကြီးတာတွေရှိတယ်။ ဥပမာ - Mercedes နဲ့ Toyota ကားနှစ်မျိုးလုံးထဲမှာ နှစ်မျိုးလုံးကကားဘဲ ဒါပေမဲ့ Mercedes စီးတဲ့အချိန်မှာ ကိုယ်ရလိုက်တဲ့ Benefit က တစ်နေရာကနေ တစ်နေရာ Point A ကနေ Point B ကိုရောက်တာမျိုးမဟုတ်တော့ဘူး။ သူတို့က states တွေပါလာပြီ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ နောက်ထပ် level ကြီးတစ်ခုကိုရောက်သွားလိုက်ရတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။ ဥပမာ - နာရီတွေဆိုရင် Q&Q လည်းနာရီ၊ Rolex လည်းနာရီ၊ G-shock လည်းနာရီဘဲ။ ဆိုတော့ ကျွန်တော်တို့ Casio တို့ကျဘာလို့ စေ◌ျးသက်သာပြီး၊ Rolex ကျဘာလို့စေ◌ျးကြီးနေရတာလဲဆိုတော့ Rolex မှာ နာရီတိုင်းကို အနုစိတ်တစ်ယောက်ချင်းစီလုပ်ပါတယ်ဆိုတဲ့ Marketing တွေရှိတယ်။ တကယ်လည်းသူတို့တွေလုပ်တယ်။ သူတို့စက်ရုံတွေဆောက်ပြီး နာရီတွေထုတ်လို့ရပေမယ့် မထုတ်ဘဲလူနဲ့ဘဲထုတ်တယ်ဆိုတာမျိူးပေါ့။ Perceived Benefit ဆိုတာက Product ကပေးတဲ့ functional benefit ဘဲမဟုတ်ဘဲနဲ့ emotional benefit တစ်ခုပါလာတယ်။ Functional benefit ဆိုတာက နာရီဝယ်ရင် အချိန်ကိုဘဲသိမယ်ဆိုတာမျိုးပေါ့။ Emotional benefit ဆိုတာက ငါအဲ့နာရီပတ်လိုက်ရင် မတအားဂေါ်တဲ့ ဘဲကြီးတစ်ပွေဖြစ်သွားပြီဆိုတာမျိူးပေါ့။ အဲ့တော့ လူတွေက Functional benefit တွေ Emotional benefit တွေပေါင်းပြီးတော့မှ ပိုက်ဆံပေးချင်ကြတာ။ Benefit တွေတအားများတဲ့ အချိန်မှာ perceived cost လို့ခေါ်တဲ့ တကယ်ကိုယ်ပေးလိုက်ရတာ တန်တယ်ဆိုတဲ့ဟာမျိုးဖြစ်သွားပြီး စေ◌ျးကိုမမြင်တော့ဘူး။ Honda ဒါမှမဟုတ် Toyota ကို သိန်း ၅၀၀ နဲ့ပေးဝယ်မလား။ Mercedes ကိုသိန်း ၁၀၀၀ ပေးဝယ်မလားဆိုရင် Mercedes ကိုဘဲဝယ်ကြမှာ။ ဘာလို့ဆို Mercedes ရဲ့ Emotional Benefit တွေကတအားများလို့။ Mercedes သိန်း ၈၀၀ တန်းကို သိန်း ၇၀၀ နဲ့ရောင်းမယ်ဆိုရင် ပြေးဝယ်မယ့်သူတွေချည်း ဘာလို့ဆို perceived benefit ကတအားမြင့်နေလို့ ။ အဲ့တော့ Toyota စီးမယ့်အစား ပိုက်ဆံပိုပေးပြီး Mercedes ဘဲစီးတော့မှာပေါ့ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ကျွန်တော်တော့ အဲ့တာကို Brand Equity လို့သိတယ်ပေါ့လေ။