Listen

Description

Brand Voice ဆိုတာဘာလဲ?

ဒီအကြောင်းကိုပြောရရင်တော့ ကျွန်‌တော်နှစ်ပိုင်းပြောရလိမ့်မယ်။ ပထမတခုကတော့ Customer ပါ။ Customer အကြောင်းသိဖို့ကတော့ ကျွန်တော်တို့ Marketer တွေရဲ့ အခြေခံပေါ့။ နောက်တစ်ခုကတော့ Brand Archetype ကိုပြောပြရမယ်။ ကျွန်တော်အများကြီးတော့ မပြောပြတော့ပါဘူး အများကြီးပြောလိုက်ရင် စာသင်သလိုဖြစ်သွားမှာစိုးတဲ့အတွက် သိသင့်သိထိုက်တာလေးတွေဘဲပြောပြပါမယ်။ ကျွန်တော်တို့ရဲ့ Page က ဘယ်လို brand position မျိုးနဲ့သွားမယ်ဆိုတာ Brand Archetype အပေါ်စကားပြောတယ်။ Brand Archetype က 12 မျိုးရှိတယ်။ ပြီးတော့ Brand Archetype ထဲက တစ်မျိူးကို‌ရွေးရမယ့်တော့မရှိဘူး။ ကျွန်တော်ဆို နှစ်မျိုးကိုရွေးလိုက်ပြီးတော့ အဲ့နှစ်ခုကြားထဲက နှစ်ခုပေါင်းထားတဲ့ Brand Voice တစ်ခုဖြစ်လာတာမျိုးလည်းရှိတယ်။ Brand Voice ထဲမှာ ပထမတစ်ခုက Spirituality ဆိုပြီးရှိတယ်။ ဒီ Segment ထဲမှာဆိုရင် Innocent, Sage, Explorer ဆိုပြီးသုံးမျိုးရှိတယ်။ ခု Innocent ဆိုတဲ့ Chart ထဲမှာပါတဲ့ brand က Dove ပေါ့။ Innocent ဆိုတာက ကောင်မလေးတစ်ယောက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကလေးတစ်ယောက်ကဖြစ်ဖြစ် လောကကြီးကအပြစ်ကင်းပါတယ်ဆိုတဲ့အမြင်ဘက်ကို ပိုသွားတယ်။ Sage မှာကျတော့ google ပါပြီး sage ဆိုတာက know every things အကုန်လုံးကိုသိပါတယ် ဆိုတဲ့ဘက်ကိုသွားတယ်။ Explorer ဆိုရင် Jeep ပေါ့ Jeep ဆိုရင် လုံးဝအကြမ်းပတမ်းကြီး off-road ကြီးတွေမောင်းပြသွားပြီးတော့ အသစ်အဆန်းတစ်ခုခုကို အမြဲ Explorer လုပ်နေပြီးတော့ အဲ့ Adventurous ဖြစ်နေတဲ့စိတ်ကို ဘာနဲ့မှချုပ်နှောင်ထားလို့မရပါဘူးဆိုတဲ့ Brand Character ပုံစံမျိုးကိုသွားတယ်။ နောက်ထပ် Chart တစ်ခုကကျတော့ Leave Legacy ဆိုတဲ့ဟာ အမှတ်အသားတစ်ခုခုချန်ခဲ့ချင်တာမျိုးပေါ့။ အဲ့ထဲမှာဆိုလည်း Outlaw, Magician, Hero ဆိုပြီး သုံးခုရှိတယ်။ Outlaw ဆိုရင် နဂိုရှိနေတာကိုပြောင်းပြန်လှန်ချင်တဲ့သဘောမျိုး၊ ခု Outlaw Chart ထဲမှာပါတဲ့ DIESEL ဆိုတာနဲ့နဲ့ ဂျင်းဘောင်ဘီနဲ့ ဂျစ်ကန်ကန်ဘဲကြီး ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ ဆိုတာကို မြင်သလိုမျိုးပေါ့။ ပြီးတော့ လက်ရှိ Law တွေကိုလည်းဂရုမစိုက်ဘူး၊ သူတို့လုပ်ချင်တာသူတို့လုပ်မယ်ဆိုတဲ့ဘက်ကို Outlaw ကသွားတယ်။ Magician ဆိုရင် Power၊ အဲ့ထဲမှာဆိုရင်လည်း Disney ပါတယ်။ Hero မှာကျတော့ Nike ပါတယ်ပေါ့နော်။ Nike ဆိုရင်လည်း သူ့ Brand Tone Of Voice သည် လုပ်နိုင်တယ် Just do it ဆိုတဲ့ဟာမျိုး။ Heroic ဖြစ်တဲ့ Brand Voice ဘက်ကိုသွားပါတယ်။ ဒါကတော့ ကျွန်တော်အကြမ်းဖျင်းပြောပြတာပေါ့လေ အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ Google မှာသွားရှာကြည့်လို့ရပါတယ်။ ဒီ Brand Voice တွေထဲမှာ ဘယ်ဟာက ကိုယ့် Customer တွေနဲ့ suitable အဖြစ်ဆုံးဆိုတာကို ပြန်‌ရွေးရတယ်။ ကျွန်တော်တို့ရဲ့ Brand နဲ့ Customer ကြားမှာ အဲ့ Brand Voice ကရှိရမယ်။ ကျွန်‌တော်တို့ရဲ့ Brand ကပြောလိုက်တဲ့ စကားလုံးတိုင်း၊ ရေးလိုက်တဲ့ စာတိုင်းသည် Customer ဆီကိုရောက်သွားတဲ့အချိန်မှာ ဖြစ်လာတဲ့ Communication form လေးဖြစ်သွားတာပေါ့။ ဥပမာအနေနဲ့ ကျွန်‌တော်တို့ K-pop ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို Outlaw နဲ့သွားပြောလို့မရဘူး။ သူတို့ဆိုရင် Purity ဘက်ကိုသွားမှာလား၊ Care Giver ဘက်ကိုသွားမှာလား၊ Lover ဘက်ကိုသွားမှာလား ကျွန်တော်တို့စဉ်းစားလို့ရတယ်။ နောက်ထပ် ကိုယ့် Product က ဂျင်းအပြဲတွေထားပါတော့ အဲ့တာကို dramatic စကားလုံးတွေနဲ့ customer တွေကိုသွားပြောလို့ရမရဘူး။ အဲ့တော့ အနှစ်ချုပ်အနေနဲ့ ပြောချင်တာက ကိုယ့် Brand ကိုလူတစ်ယောက်အနေနဲ့ သတ်မှတ်ရင် ဘယ် personality ဖြစ်မှာလဲဆိုတာကိုပေါ့။