Listen

Description

Q: Business အတွက် နာမည်တစ်ခုကို ဘယ်လိုပေးရမလဲ Ko Alex, Business နဲ့ relevant ဖြစ်တဲ့ နာမည် မစဉ်းစားတတ်လို့ နာမည်တစ်ခုပေးပြီးရင်‌ရော ပြန်ပြောင်းလို့ရလား brand ကိုထိခိုက်နိုင်လားအကို



A: ကျွန်တော်ကတော့ နာမည်တစ်ခုပေးပြီးရင်တော့ ပြန်မပြောင်းစေချင်ဘူး ဘာလို့လဲဆိုတော့  ဒီနာမည်ကို နှုတ်ကျိုးသွားတဲ့ အချိန်မှာ လူတွေကနောက်ထပ်တစ်ခုကို ထည့်စဉ်းစားဖို့အတွက်က မလွယ်တော့ဘူး။ အဲ့တော့ Business နဲ့ relevant ဖြစ်တဲ့နာမည်ကို မစဉ်းစားတတ်လို့ဆိုတော့ အရင်ခေတ်ကလိုမျိုးဗေဒင်လည်းသွားမေးလို့မရဘူးလေနော်၊ မေးချင်ရင်တော့မေးလို့ရတယ်ပေါ့လေ ဥပမာ အင်္ဂါသား ကိုညီဇော်လတ် ဘာနဲ့စတဲ့နာမည်လေးပေးကြပါဆိုတဲ့ဟာမျိုးလေး ပြောကောင်းပြောနိုင်တယ်ပေါ့နော်။  ကျွန်တော်က ဘာလုပ်စေချင်လဲဆိုတော့ ခေါ်လို့ကောင်းမဲ့နာမည် ခေါင်းထဲကို ရောက်သွားစေမဲ့နာမည်မျိုး ပေးစေချင်တယ်။ ဥပမာ- ကျွန်တော်ပေးခဲ့တဲ့ ဟာမျိုးဆိုရင် level up ဆိုတဲ့ဟာမျိုးပေါ့လေ level up ဆိုတာက ငယ်ငယ်တုန်းကတည်းက game ဆော့လာတဲ့သူတွေဆိုလို့ရှိရင် သိတယ် ကျွန်တော်တို့ next level ကိုဆွဲခေါ်သွားတယ်ဆိုတဲ့ဟာမျိုး ပြီးတော့ level one ဆိုတဲ့ဟာမျိုးသွားတယ် level one ဆိုတာကလည်း ကျွန်တော်တို့ရဲ့ SME agency အတွက်ကို ကျွန်တော်ကသွားတာ ကျွန်တော် ၂၀၁၉ လောက်တုန်းက လုပ်ခဲ့ဖူးတဲ့ blogger တွေစုထားတဲ့ Media သေးသေးလေးတစ်ခုရှိပါတယ် ကျွန်တော်တို့ ကိုဗစ်ဖြစ်ပြီးတဲ့ချိန်မှာ ကျွန်တော်တို့မလုပ်ဖြစ်တော့တာ “လက်ဆောင်”ဆိုတဲ့ page လေး blogger media လေးပေါ့နော် အဲ့တာဆိုလို့ရှိရင်လည်း ကျွန်တော်တို့က content လေးတွေ လက်ဆောင်ပေးကြမယ်ဟေ့ဆိုတဲ့ ပုံစံမျိုးနဲ့  ကျွန်တော်တို့က ပေးလိုက်တာ Business နဲ့ relevant ဖြစ်တယ်မဖြစ်ဘူးဆိုတာက relevant ဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော် ဒါပေမဲ့ နားထဲ ဝင်သွား ပြီးတော့ အဲ့စကားက  ဥပမာ Jack Ma Alibaba ကိုသုံးတဲ့အချိန်မှာပြောတဲ့စကား ဘယ်လိုနာမည် ပေးရမလဲဆိုတာ စဉ်းစားတဲ့အချိန်မှာ အပြင်ထွက်ပြီးတော့မေးတယ် Alibabaကို သိလားဆိုတော့ သိတယ် Alibaba ကိုသိလားဆိုတော့ သိတယ် Alibaba နဲ့ E commerce နဲ့ ဘာမှမဆိုင်ဘူးပြောရရင် Alibaba ဗျာ ပြောရင် E commerce နဲ့ ဘာမှမဆိုင်ဘူး ဒါပေမဲ့  ပါးစပ်ဖျားမှာ အဲ့နာမည်ကစွဲသွားတယ်၊ A-li-baba ဆိုပြီး လူတွေရဲ့ခေါင်းထဲမှာစွဲသွားတယ်၊ အဲ့ဒီဟာကြောင့် ဆက်စပ်ပြီးသွားတာ Business နဲ့ relevant ဖြစ်တဲ့ နာမည် ဆိုတာထက် ခေါ်လို့လွယ်ပြီး ခေါင်းထဲစွဲနိုင်မဲ့နာမည်တစ်ခုကိုပေးနိုင်တယ်ဆိုလိုရှိရင်က အဲ့နာမည် ပေါ်မှာ မူတည်ပြီး branding လုပ်သွားလို့ရတယ်၊ နာမည်တော့ခဏခဏ မပြောင်းနဲ့ပေါ့နော်။

#marketing #digitalmarketing #market #career #askalex #askalexmm