Facebook မှာ Business Suite နဲ့ Creator Studio ရဲ့ အားသာချက်၊ အားနည်းချက်လေးတွေသိချင်ပါတယ်။
Business Suite ဆိုတာက business အတွက်လုပ်ထားပေးတဲ့ platform တစ်ခုပါ။ Business Suite မှာ post တာတွေ အပြင်ကို business ရဲ့အောက်ထဲမှာ ads manager, audience, data ပြန်ကြည့်တဲ့ analytics တို့ အစရှိတဲ့ tools တွေအပြင်၊ billing လုပ်တဲ့ အပိုင်းတွေက အစ business suite မှာ facebook ကထည့်ပေးထားတာပါ။ Creator Studio ကကျတော့ ဘယ်သူတွေအတွက် ပိုသုံးသင့်လဲဆိုတော့ creators တွေပေါ့လေ။ Creators တွေဆိုတာက blogger တွေ vlogger တွေ cele တွေ artists တွေတင် မဟုတ်ဘဲနဲ့ ဘယ်လိုမျိုးတွေပါလုပ်ပေးလဲဆိုတော့ company page တွေရဲ့ creator တွေ၊ post တင်တဲ့သူတွေ၊ creative တွေ စတဲ့ marketing သမားတွေ creative လုပ်ဖို့အတွက်ဘဲ creator studio မှာပြန်ပြီးလုပ်ပေးထားတာပါ။ ကျွန်တော်တို့ business အရသွားမယ်ဆိုရင် business suite ကပိုပြီး detail ဆန်ပါတယ်။ creator studio ကတော့ post တွေကို creative လုပ်ရတဲ့အပိုင်းတွေ post တွေရဲ့ data တွေကိုပြန်ကြည့်ရတဲ့ အပိုင်းတွေမှာ ပိုပြီးတော့ in detail ဆန်ပါတယ်။ ကွာတဲ့ အပိုင်းကတော့ အဲ့နှစ်ပိုင်းပါ။ post တွေတင်တဲ့ အပိုင်းလောက်ဆိုရင်တော့ ဒီနှစ်ခုက ထူးထူးခြားခြားကွာသွားမယ်လို့တော့ မထင်ပါဘူး။ အဲ့ထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းပိုပြီးတော့ လေ့လာမယ်ဆိုရင် ဘာကွာသွားမလဲဆိုရင်တော့ boosting မှာအများကြီးကွာပါတယ်။ Facebook မှာ boost လုပ်မယ်ဆိုရင်က business suite ထဲမှာ boost လုပ်မယ်ဆိုရင်က အများကြီးပိုပြီးတော့ အဆင်ပြေတယ်။ ဥပမာအနေနဲ့ creator studio မှာ boost လုပ်မယ်ဆိုရင် အများဆုံး target ပေးလို့ရတာက အသက်တွေ၊ location တွေ၊ interest keyword တွေအဲ့တာတွေကို creator studio မှာ ကျွန်တော်တို့ပေးလို့ရတယ်။ ဒါပေမယ့် Business suite မှာဘာတွေပိုလာလည်းဆိုတော့ reach တွေ၊ video view တွေကနေ အသေးစိတ် boost လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ website တွေကို လူများများလာအောင်လုပ်ချင်တယ်၊ message များများဝင်အောင်လုပ်ချင်တယ် စတာတွေကို business suite မှာ အသေးစိတ်လိုက်ကြည့်ပြီး boost လုပ်လို့ရတယ်။ Creator Studio မှာကျတော့ boost လုပ်လို့ရပေမယ့် business suite လောက် အသေးစိတ်မရဘူး။ ကျွန်တော်တို့ artist တွေ၊ creator တွေ၊ cele တွေအနေနဲ့လည်း စီးပွားရေးအနေနဲ့သွားလိုရှိရင်တော့ business suite ကိုသုံးဖို့ အကြံပေးချင်တယ်။ အဲ့လိုမဟုတ်ပဲနဲ့ ကိုယ်က post တင်ရုံ၊ ဒါမှမဟုတ် ကိုယ့် page ရဲ့ performance တွေ - engagement, reach ဘယ်လောက်ရတာလောက်ဘဲကြည့်ချင်ဆိုရင်တော့ creator studio ကပိုပြီးသင့်တော်ပါတယ်။ အဲ့တော့ Creator Studio နဲ့ Business Suite အဓိကကွာတာကတော့ အဲ့နှစ်ချက်ပါ။ စီးပွားရေးအတွက်ဆိုရင်တော့ business suite ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်ထားဖို့ အကြံပေးချင်ပါတယ်။