Listen

Description

Q:  career နဲ့ဘယ်လိုလုပ်ငန်းတွေမှာ ရာထူးဘယ်နှစ်ခုလောက်လုပ်ခဲ့ရလဲသိချင်လို့ပါဗျ။ တကယ်အားကျ ရတဲ့ ပုဂ္ဂိုလ်မို့ပါ။ ဘယ်လိုနယ်ပယ်မျိုးတွေမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကျင်လည်ခဲ့ရလဲသိချင်ပါတယ် အစ်ကို။  

A:   ကျွန်တော်အရင်တုန်းက KFC မှာ marketing associate အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ Samsung မှာ digital marketing manager လည်းလုပ်ခဲ့ဖူးတယ်။ city mark group မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ YOMA bank မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ အခု Level up marketing group မှာကျွန်တော် founded လုပ်ပြီးတော့ chairman အနေနဲ့လုပ်နေတာပါ။ ပြီးတော့ဘယ်လိုခေါ်မလဲ Burmese stream တို့၊ Uncle တို့၊ ကနုတ် တို့ဆီကိုလည်း ကျွန်တော် SME တွေ အတွက်ကိုလည်း consulting အနေနဲ့လုပ်ပေးတယ်။ ပြီးတော့ဆရာကိုအောင်ချစ်ခင်ရဲ့ Strategy first က ဆင်းတာပါ။ proud strategy first ကျောင်းသားပါ။ ဆိုတော့ strategy first မှာလည်း digital marketing training ပြန်ပြီးတော့လုပ်ပေးနေတာတွေရှိပါတယ်။ အခက်အခဲတွေဘယ်လိုကြုံတွေ့ရလဲဆိုတော့ နေ့ တိုင်းကတော့ fire fighting ပဲ။ အခုချိန်ထိနေ့တိုင်းမီးသတ်နေရတာ။ အဲ့တော့အခု marketing မှာ ဆယ့်နှစ်နှစ်လောက်ရှိပြီပေါ့နော်။ ဆယ့်နှစ်နှစ်လုံးလုံး မီးမသတ်ရတဲ့နေ့မရှိဘူး။ အခက်အခဲတွေကတော့ ပြောရရင်အများကြီး။ နောက်မှပဲပြောပြပါမယ်။ တွေ့ချင်တယ်ဆိုရင် စျေးရောင်းပါမယ်။ ကျွန်တော်တို့ FYI marketing ဆိုတဲ့ marketing media တစ်ခုရှိပါတယ်။ အဲ့မှာ Christmas အနေနဲ့ FYI media ကဝယ်တဲ့ လူတွေကို ကျွန်တော်တွေ့ဖို့ရှိပါတယ်။ ကျွန်တော့်ရုံးမှာတွေ့ဖို့ရှိပါတယ်။ တွေ့ချင်တယ်ဆိုရင်‌တော့ FYI media က package ကို subscribe လုပ်ဖို့အတွက်ကို ဖိတ်ခေါ်ပါတယ်။ အဲ့တော့လာတွေ့မယ်လို့လည်း ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm