Q: လေးစားအားကျရပါသော ကို Alex ခင်ဗျာ။ career change နဲ့ပတ်သက်ပြီး အကြံဉာဏ်လေးရယူချင် လို့ပါ။ digital marketing ကိုမထိခလုတ်လေ့လာပြီး part time သဘောမျိုး ကြုံသလိုဝင်လုပ်နေတာ 2 နှစ်ရှိပါပြီ။ professional တစ်ယောက် specialist တစ်ယောက်ဖြစ်အောင် ထဲထဲဝင်ဝင် လေ့လာလုပ်ကိုင် လိုပါတယ်။ ဘယ်ကနေ ဘယ်လိုစသင်ယူသင့်ပါသလဲ၊ တစ်ရက်ကိုအချိန်ဘယ်လောက် အနည်းဆုံးပေးရ သလဲ။ A: ဘယ်လိုကနေစပြီးသင်ရမလဲဆိုတော့ part time အနေနဲ့မလေ့လာဘဲနဲ full time အနေနဲ့လေ့လာသင့် ပါတယ်။ agency တစ်ခုခု၊ business တစ်ခုခုကို full time အနေနဲ့ဝင်ပြီးလေ့လာပါ။ ကျွန်တော်ကတော့ ထိလိုက်မထိလိုက်လုပ်တာ သိပ်မကြိုက်ဘူး။ ကျွန်တော်အခုဆိုရင် HR လေ့လာနေတာ။ ဘာဖြစ်လို့လဲ ဆိုတော့ marketing agency ကကျတော့ လူတွေကို build လုပ်ထားတဲ့ business industry ဆိုတော့ ကျတော့ HR ကိုပိုပြီးတော့ learn လုပ်နေရတယ်ပေါ့နော်။ digital marketing ကို learn လုပ်ချင်တယ်ဆို ရင်တော့ company တစ်ခုခုကိုဝင်တာ အကောင်းဆုံးပဲ။ part time နဲ့မဝင်ဘဲ full time နဲ့သာဝင်၊ အဲ့ဒါအကောင်းဆုံးပဲ။ တစ်ရက်ကို ၈ နာရီလောက်ပေးရမှာဆိုတော့ သူတို့ဆီကမြင်နေရတာအကုန်လုံးက ကိုယ့်အတွက်လည်းသင်ပေးနိုင်တဲ့ mender တစ်ယောက်ရလာနိုင်တယ်။ မတူညီတဲ့ exposure တွေရလာ နိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm