Q: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရတာလေး ပြောပြပေးပါလား။
A: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရလဲဆိုတာက အကြံပေးချင်တာက မတူဘူးဆိုရင် ဝါသနာကို social media မှာ drive သာလုပ်။ ပြောမယ်ဆိုရင် blogger တွေ အထူးသဖြင့် မြန်မာနိုင်ငံက blogger တွေ career နဲ့ ဝါသနာတစ်ထပ်တည်းကျတဲ့လူ တော်တော်ရှားတယ်။ blogging ကနေ ပိုက်ဆံရှာလို့ရမဲ့ဟာက အရမ်းနည်းနေသေးတာကိုး။ အဲ့ခါကျတော့ ဝါသနာကဝါသနာပဲ။ အဲ့ဒီကနေ drive လုပ်ကြတယ်။ blog လုပ်ကြတယ်။ ဒီဘက်အသက်မွေးဝမ်းကျောင်းတစ်ခုခုပေါ့နော်။ marketing ပဲဖြစ်ဖြစ်၊ business ပိုင်းပဲဖြစ်ဖြစ်၊ logistics ပိုင်းပဲဖြစ်ဖြစ်၊ financial ပိုင်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ ကိုယ့်ဝါသနာပါတဲ့ဟာကို social media ပေါ်မှာ drive လုပ်လို့ရနေတာပဲ။ ကျွန်တော်ကတော့လုပ်စေချင်တယ်။ နှစ်တွေအများကြီး drive သွားတယ်ဆိုရင်သေချာတယ် ဝါသနာကို professional အဖြစ်ပြောင်းကိုပြောင်းလို့ရတယ်။ အဓိကကပျက်မသွားဖို့ပဲ။ ဝါသနာကို content create လုပ်တဲ့အပိုင်းတွေ။ ကိုယ်က piano တီးတယ်ဆိုရင် ဘယ်သူနားထောင်ထောင်မထောင်ထောင် တစ်ရက်ကိုနာရီဝက်လောက်တီးနေတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့လက်ကမှန်လာပြီဆိုရင် အနည်းဆုံးတော့ လေးငါးခြောက်နှစ်ကြာလာပြီဆိုရင် နားထောင်တဲ့လူတွေများလာမှာပဲ။ ဖြစ်စေချင်တာက ကျွန်တော်ဒီ Alex Khine ကိုစလာတာ ၂၀၁၇ လောက်တည်းက။ ခြောက်နှစ်ရှိပြီ။ အခု live ကိုကြည့်တဲ့လူက ၁၂ ယောက်ပဲရှိတယ်။ ကျွန်တော်က ဒီ live ကိုအယောက်တစ်ထောင်၊ တစ်သိန်းကြည့်ဖို့အတွက် လုပ်နေတာမဟုတ်ဘဲနဲ့ ကျွန်တော်ပြောထားခဲတဲ့ ဟာတွေကို သိမ်းထားခဲ့ချင်လို့ live လုပ်နေတာဖြစ်တဲ့အတွက် ၁ ယောက်ပဲကြည့်နေနေ ဒီလိုမျိုးမေးခွန်း ရှိနေရင် ကျွန်တော်အနေနဲ့ဆက်ပြီး ဖြေနေရမှာပဲ။ ဒီမှာလည်း ဝါသနာပါတဲ့လူတွေအကုန်လုံးကိုလည်း social media မှာ content ကိုအသားကုန်သာလုပ်။ တဖြည်းဖြည်းနှစ်အနည်းငယ်ကြာတဲ့အခါ professional ဖြစ်လာလိမ့်လို့ ယုံကြည်တယ်။
#marketing #digitalmarketing #market #career #askalex #askalexmm