Q: CBO နဲ့ A/B test အကြောင်းလေး ရှင်းပြပေးစေချင်ပါတယ်။ CBO နဲ့ ad set ကရောမတူဘူးလားရှင့်။
A: CBO နဲ့ ad set ကမတူပါဘူး။ ad set က target ပါ။ CBO က CBO ပါ။ CBO နဲ့ ab test ကနည်းနည်း ဆင်တယ်။ ဘယ်လိုဆင်လဲဆိုတော့ ab test ကထားပါတော့ ကျွန်တော်တို့ content နှစ်ပုဒ်ရှိတယ်။ အဲ့ထဲ ကမှ customer က content A ကိုကြိုက်လား။ content B ကိုကြိုက်လားမသိဘူး။ အဲ့တော့ content A ရော content B ရောကို ဒေါ်လာတစ်ရာရှိတယ်ဆို ဒေါ်လာငါးဆယ်ဖိုးစီ boost လိုက်တဲ့အခါ content A ကအလုပ်မဖြစ်ရင် content A ရဲ့ cost per result တွေကသိပ်တက်သွားတယ်။ content B ကအလုပ်ဖြစ်တယ်ဆိုရင် content B ရဲ့ cost per result တွေကကျလာတယ်။ အဲ့အချိန်မှာ ဘာကြည့်ရလဲဆိုတော့ ငါးဆယ်စီ boost လုပ်မဲ့ အစား ငါးကျပ်စီပဲ boost လုပ်လိုက်မယ်။ ပြီးတော့ A နဲ့ B နဲ့ result ပြန်ယှဉ်တယ်။ A ကိုငါးကျပ်ဖိုး boost လုပ်လိုက်တဲ့အချိန်မှာ message ဆယ်စောင်ဝင်လာတယ်။ B ကိုငါးကျပ်ဖိုး boost လုပ်လိုက်တဲ့အချိန်မှာ message အစောင်သုံးဆယ်ဝင်လာတယ်ဆိုရင် ကျွန်တော်တို့က B ကိုကျန်တဲ့ ဒေါ်လာရှစ်ဆယ်သုံးလိုက် တာက ပိုပြီး affective ဖြစ်တယ်။ အဲ့တာက A/B testing။ A/B testing ရဲ့အားနည်းတဲ့အချက်က လူက ပြန်ပြီး manually check လုပ်ရတာ။ လူကနေ ဘယ် content ဘယ် ad set သည်ပိုပြီးတော့ affective ဖြစ်ပါတယ်ဆိုတဲ့ဟာကို ပြန်ပြီးတော့ manually check လုပ်ရပါတယ်။ CBO ကကျတော့ Facebook က နေ သူ့ဟာနဲ့သူ check ပေးတယ်။ ဆိုတော့ ab testing ကိုမှ automatic ပိုက်ဆံ allocation လုပ်ပေးစေ ချင်တယ်ဆိုရင် CBO ကိုသုံးလို့ရပါတယ်။ Campaign Budget Optimization ကိုသုံးလို့ရပါတယ်။ မဟုတ်ရင်တော့ ထားပါတော့ manual check ရတဲ့ တစ်ချို့ အကြောင်းအရင်းတွေလည်းရှိတာဆိုတော့ ဥပမာ- ဒီ content ကတော့ boost လုပ်ကိုလုပ်ရမှာ ဒါပေမဲ့ ပိုက်ဆံအများကြီးမသုံးချင်ဘူး။ ကျန်တဲ့ content နှစ်ခုကတော့ ပိုကောင်းတဲ့ ပိုပြီးတော့ affective ဖြစ်တဲ့ content ကို boost လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က မှန်းထားခဲ့မယ်ဆိုလို့ရှိရင် manual check လေးသုံးတာက ပိုကောင်းတယ်။ အဲ့လိုမဟုတ်ပဲနဲ့ CBO ကကျတော့ Facebook က cost နည်းတဲ့ဟာကိုပဲ boost လိုက်တာ။ ပိုက်ဆံပိုထည့်ပြီးတော့ ။ အဲ့ဒီပုံစံမျိုးလေး ကျွန်တော်တို့ ပိုသွားပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm