Listen

Description

Q: Ko Alex ရေ CBO နဲ့ ads set budget က ဘယ်လိုကွာလဲဗျ။

A: ဘယ်လိုကွာလဲဆိုတော့ ဘာမှမတူတာပါ။ CBO က Campaign Budget Optimization ကိုခေါ်ပါတယ်။ CBO က Ads Set အများကြီးကို boost လုပ်ချင်တယ်ဆိုလို့ရှိရင် CBO on မထားဘူးဆိုရင် ads set တစ်ခုချင်းစီမှာ သွားပြီး ပိုက်ဆံထည့်ရတယ်။ effective ဖြစ်မဖြစ်က အမြဲတမ်းဝင်ကြည့်နေရတာ။ ဥပမာ- ads set a,b,c,d,e မှာ ads set b ရယ် d ရယ်က cost per result အရမ်းကျနေတယ်ဆိုလို့ရှိရင်  ကျွန်တော်တို့က a ရယ် c ရယ် e ရယ် ကို ကိုယ့်ဟာကို သွားပိတ်ရတယ်။ CBO ကကျတော့ ads set ထဲမှာ ပိုက်ဆံမထည့်ရဘဲနဲ့ campaign level မှာ ပိုက်ဆံဘယ်လောက်ဆိုပြီး ပေးလိုက်တာပါ။ a,b,c,d,e မှာ ခုနကပြောသလို b ရယ် d ရယ်က course per result ကသက်သာနေတယ်ဆိုလို့ရှိရင် Facebook အလိုအလျောက် b ရယ် d ရယ်ကို ပိုက်ဆံပိုသုံးပေးလိုက်ပါတယ်။ အဲ့တော့ CBO သွားတာကတော့ ပိုပြီးတော့ effective ဖြစ်တာပေါ့နော်။

#marketing #digitalmarketing #market #career #askalex #askalexmm