Listen

Description

Q:   challenging ဖြစ်တဲ့ ဒီ industry မှာ ကျရှုံးမှုတွေကြုံလာရင် ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမလဲ၊ ကို Alex ရောဘယ်လိုကျော်ဖြတ်ရမလဲ သိချင်ပါတယ်ဗျ။

A;   နောက်ဆုံးမှာ challenging ဖြစ်တဲ့ ဒီ industry မှာ ကျရှုံးမှုတွေဖြစ်လာပြီဆိုရင် ဘယ်လိုစိတ်ထားနဲ့ဖြတ်ကျော်ရမလဲဆိုတော့ ကျွန်တော်က တော့ကြိုက်တယ်။ အဲ့လိုမရှိဘူးဆိုရင် ဘယ်လိုဆက်ပြီး goal ရမလဲဆိုတာ သိမှာမဟုတ်ဘူး။ အမြဲတမ်း အဆင်ပြေနေတယ်ဆိုရင်တော့ ငါလုပ်တာမှန်တယ်ဆိုတဲ့ စိတ်ကြီးကဝင်နေတာ။ ကျွန်တော်တို့တောင် သုံးလေးခုလောက်အဆင်ပြေတယ်ဆိုရင် ငါစောက်ရမ်းတော်တယ်ဆိုတဲ့ အတွေးတွေဝင်လာတာပေါ့နော်။ အဲ့‌တော့ failure ဖြစ်တဲ့ဟာမျိုးကို သဘောကျတယ်။ အဓိက failure မှာဘယ်လိုမျိုး learn လုပ်ပြီးတော့ ဘယ်လိုမျိုး next ဆက်သွားမလဲဆိုတာ ကြည့်တာများတယ်။ နည်းနည်းပါးပါးတော့ အဆဲခံရတာပေါ့လေ။ အရင်တုန်းက ကျွန်တော်ရဲ့ operate life ဆယ်နှစ်၊ ဆယ့်တစ်နှစ်မှာ မှားသွားတဲ့ဟာတွေအများကြီး ရှိပါတယ်။ အဲ့တာတွေအကုန်လုံးကို report ထဲမှာ ကိုယ့်ရဲ့ supervisor ကို၊ ကိုယ့်ရဲ့ manager ကို၊ ကိုယ့်ရဲ့ business owner ကို ဘာတွေအမြဲပါလဲဆိုတာကို report တယ်။ ကျွန်တော်တို့ကတော့ ဘာ‌တော့ကောင်း ကောင်းလုပ်ခဲ့တယ်၊ ဘာတော့လိုသွားတယ်၊ ဘာတွေ learning ရခဲ့တယ်၊ နောက်တစ်ခေါက်ဆိုရင်တော့ ဘာတွေတော့ရှောင်မယ်၊ ဘာတွေတော့လုပ်ပါ့မယ်ဆိုတဲ့ပုံစံမျိုးကို သင်ယူတယ်ပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုတော့ failure တွေက ကျွန်တော်ကနည်းနည်းလေး zoom up လုပ်ကြည့်လိုက်တယ်။ ကျွန်တော် တို့က failure တစ်ခုကြုံလာပြီဆိုရင် အဲ့ဒီ failure တစ်ခုတည်းကိုပဲ ကြည့်နေတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။ ဆိုတော့ zoom out လုပ်ကြည့်လိုက်တယ်ဆိုတဲ့ဟာက ဒီ failure တစ်ခုတည်းမဟုတ်ဘဲနဲ့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပေါ့နော်။ ကျွန်တော်ဆိုရင်အခု အသက်သုံးဆယ်။ zoom out လုပ်ကြည့်လိုက်တဲ့ချိန်မှာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် ကျောင်းမှာကတည်းက ကျွန်တော်အမှားလုပ်မိလို့ failure တွေအများကြီးပဲ။ စာမေးပွဲကျတာ‌တော့မဟုတ်ဘူးပေါ့နော်။ ဥပမာ- ဘောလုံးကန်လည်းရှုံးတာပဲ။ အဲ့ဒီမှာမှ တက္ကသိုလ်မှာ ဆိုလို့ရှိရင် draft out လုပ်ထားခံရတယ် ကျလို့ဆိုတော့ အဲ့ဒီဟာလည်း ကျွန်တော့်ရဲ့ failure ပဲပေါ့နော်။ အဲ့ဒီကနေ Technoland ၂၀၁၁ ကနေဒီနေ့အထိကြားထဲမှာ ကျွန်တော်လုပ်ခဲ့တဲ့ failure တွေကအများကြီး ပဲ။ အဲ့တော့ zoom out လုပ်လိုက်တဲ့အချိန်မှာ failure တွေကြောင့် ဘာတွေသိလာရလဲ။ ဒီအချိန် ၂၀၂၂ မှာ ၂၀၁၁ က failure ကိုသွားစဉ်းစားတယ်ဆိုရင် ရယ်စရာကြီးဗျာ။ အဲ့အချိန်တုန်းကတော့ လုံးဝခေါင်းမီး တောက်နေတာ။ ဒါပေမဲ့ ဆယ်နှစ်လောက်ကြာသွားတဲ့အချိန်မှာ ချာတိတ်အမှားပဲပေါ့ဗျာ။ ဒီအချိန် မှာလည်း အသက်သုံးဆယ်အရွယ် Alex Khine က အသက်သုံးဆယ်အမှားကို မှားနေအုံးမှာပဲ။ ဆိုတော့ zoom out လုပ်ကြည့်ကြည့်ပါ။ အရမ်းကြီးမခံစားရ‌တော့ဘူးပေါ့နော်။ big coin တို့ဘာတို့ကို trade လုပ်ခဲ့တယ်ပေါ့နော်။ အခုကျွန်တော် save လုပ်ထားတာလေးတွေ၊ invest လုပ်ထားတာလေးတွေရှိတယ်။ big coin industry ထဲမှာ စကားလေးတစ်ခွန်းရှိတယ်။ what in doubt, sold out. တစ်ပတ်လောက်ထိပဲ charge ကိုကြည့်တယ်ဆိုရင်က အရမ်းတက်လိုက်ကျလိုက်ဖြစ်တာရှိတယ်။ ဒါပေမဲ့ ဆယ်နှစ်လောက်ကို ကြည့်တဲ့အချိန်မှာ career of progress ကတက်နေမှာပဲ။ ကိုယ့်ကိုကိုယ်သံသယဝင်လာတယ်ဆိုရင်က ငါစောက်သုံးမကျလို့ ဒါကြီးကမှားသွားတာထက်စာရင် zoom out လုပ်ကြည့်လိုက်၊ လွန်ခဲ့တဲ့ငါးနှစ်ကနေ ဒီနေ့အထိ ဘာတွေ goal ခဲ့ပြီးပြီလဲ၊ ဘာတွေ learn လုပ်ခဲ့ပြီးပြီလဲ။ ဒီ failure ပေါ်မှာရော ငါ့အနေနဲ့ဘာကို ဆက်ပြီး learn လုပ်လို့ရမှာလဲ ကြည့်တယ်ဆိုရင်တော့ တော်တော်လေးစိတ်သက်သာရာရမှာပါ။ ကျွန်တော်ကတော့အဲ့နည်းနဲ့ ကိုယ်ဟာကိုယ်ဖြေတယ်ပေါ့နော်။

 #marketing #digitalmarketing #market #career #askalex #askalexmm