Q: အစ်ကိုတို့ Facebook commercial video တွေအတွက် background music ကိုဘယ်ကရှာလဲ။ copyright မထိအောင်လို့ creator studio အပြင် တခြားနေရာကရှာတာမျိုးလေးတွေရော ရှိပါသလား။ A: တော်တော်များများက audio jungle ကနေဝယ်တာပါ။ commercial video ဆိုရင်တော့ ကျွန်တော်က ဝယ်သုံးစေချင်တယ်။ ပြောရမယ်ဆိုရင် ကျွန်တော့် TikTok, Instagram တင်နေတဲ့ Ask Alex ရဲ့ background music က audio jungle ကနေကျွန်တော်ဝယ်ပေးထားတာ။ ဆိုတော့ audio jungle မှာတော့ တော်တော်စုံစုံလင်လင်ရှိတယ်ပေါ့နော်။ ပြီးတော့ studio block ဆိုတဲ့ဟာတစ်ခုရှိတယ်။ အဲ့တာလည်း ဝယ်ရတာ။ commercial video တောင်ရိုက်နေမှတော့လည်း ကျွန်တော်ကတော့ဝယ်သုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်လောက်မှပေးရတာမှမဟုတ်တာ။ ငါးဒေါ်လာ၊ ဆယ်ဒေါ်လာလောက်ပဲပေးနေရတာ။ အများဆုံးက ဒေါ်လာနှစ်ဆယ်လောက်ရှိတာပါ။ ဆိုတော့ကျတော့ commercial video တစ်ခုလုံး ရိုက်နေတာဆိုရင်တော့ ဝယ်သုံးပေါ့နော်။ အများကြီးပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm