Q: အစ်ကို့လို consultant တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေလုပ်ရမလဲအစ်ကို။ အစ်ကို့ journey လေးရော ပြောပြလို့ရမလား။ branding ကို ဘယ်လိုတည်ဆောက်ခဲ့တယ်။ အခုလို speaker တစ်ယောက်အဖြစ် ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာလေး။
A: ကျွန်တော့် journey ကတော့ရှင်းပါတယ်။ ကျွန်တော် marketing လုပ်ပါတယ်။ ကျွန်တော် marketing လုပ်တဲ့အချိန်မှာ ၂၀၁၂ လောက်ကနေစလုပ်တယ်။ အရင်တုန်းက sale လုပ်ခဲ့တယ်။ Technoland နဲ့ J mart မှာ sale လုပ်ခဲ့တယ်။ J mart မှာ ၂၀၁၂ လောက်ကနေစပြီးတော့ marketing လုပ်ခဲ့တယ်။ ဒီနေ့အထိပေါ့လေ။ ၂၀၁၂ ကနေ ၂၀၁၆ လောက်တုန်းက learning လုပ်စရာ YouTube ရယ် စာအုပ်တွေရယ် website တွေရယ်ပဲရှိတယ်။ မြန်မာလိုဘယ်သူမှ မပြောပြကြဘူး။ ကျွန်တော်ရဲ့ English ကလည်းအဲ့လောက်ကြီး လန်ပြန်ထွက်နေတာမဟုတ်ဘူး။ ကျွန်တော်ကဘာတွေးလဲဆိုတော့ အမြဲတမ်းငယ်ငယ်တည်းက ကိုယ်တစ်ခုခုတိုင်ပတ်တယ်ဆိုလို့ရှိရင် ကူညီပေးမဲ့လူတစ်ယောက် လိုချင်တာပေါ့နော်။ အဲ့တုန်းက consultant ဆိုတဲ့ဟာလည်းသိမနေဘူး။ ဆိုတော့ကျွန်တော်က တစ်ယောက်ယောက်ကူညီပေးရင်ကောင်းမယ်ဆိုတဲ့စိတ်နဲ့ပဲ brand တွေကို လိုက်ပြီးကူညီပေးဖြစ်တယ်။ လိုက်ပြီးတော့အကြံပေးတာပေါ့လေ။ idea တွေအကုန်လုံးကစျေးပေါတယ်။ idea လောက်စျေးပေါတာ idea ပဲရှိတယ်။ ကျွန်တော်ရဲ့အမြင်။ ဘာလို့လဲဆိုတော့ Execution is the only thing that matter. ကျွန်တော် idea လျှောက်ပေးတယ်။ လျှောက်ပေးတဲ့အချိန်မှာ business တွေကလည်းသဘောကျတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး client ဆိုရင် ကျွန်တော့်အမ။ အမကကျွန်တော်ပြောတဲ့ဟာကို လေးလေးစားစားလက်ခံပြီးတော့ လိုက်လုပ်တယ်။ အဆင်ပြေတယ်။ ပြီးရင်ကျွန်တော့်ရဲ့ second client က KANOTE phone accessories နဲ့ Engle mobile gadgets တွေပေါ့။ အဲ့က အစ်ကိုနဲ့အမကိုလည်း လုံးဝကျေးဇူးအများကြီးတင်တယ်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အားကိုးခဲ့ကြတဲ့ အစ်ကိုတွေ အမတွေဆိုတော့ကျတော့။ ကျွန်တော်ကတော့ ဘာကြိုက်လဲဆိုတော့ ကြော်ငြာအရမ်းကြည့်တယ်။ ကြော်ငြာအသစ်တွေဆိုရင် ကြည့်ရတာအရမ်းပျော်တယ်။ နောက်တစ်ခုကကျတော့ case study လိုက်ဖတ်ရတာအရမ်းကြိုက်တာ။ အဲ့တော့ case study ဖတ်လို့ရတဲ့ site တွေအများကြီးပါ။ online ပေါ်မှာ campaign ASIA တို့ king lion တို့ tech cross စတဲ့ case study site တွေအများကြီးပဲ။ ဒါပေမဲ့ ပိုက်ဆံပေးဝယ်ရတယ်ပေါ့နော်။ ဒီမှာလည်း နည်းနည်းလေးကြော်ငြာဝင်ဖို့ရှိတာက FYI.Marketing ကလည်း case study တွေလာဖို့ရှိလိမ့်မယ်။ ဒါပေမဲ့ again ပေါ့လေ။ ခုနကပြောသလို ကျွန်တော်တို့က subscription model နဲ့သွားတော့မှာဆိုတော့။ subscribe လုပ်ထားတယ်ဆိုရင်တော့။ subscribe ဆိုတာက ပိုက်ဆံပေးပြီး နှစ်စဉ်ကြေးပေးရတာ။ အဲ့တော့နှစ်စဉ်ကြေးပေးမယ်ဆိုရင်တော့ case study တွေကိုအကုန်လုံးတင်ပေးထားမယ်။ မြန်မာလိုပါတင်ပေးထားမယ်ဗျာ။ အဲ့ဒီဟာကိုလာဖတ်လို့ရမယ်။ အခုလည်း နည်းနည်းလေးအကုန်လုံးနဲ့လည်း survery လုပ်ချင်တာက အခုကြည့်နေတဲ့လူ အစိတ် သုံးဆယ်လောက်ရှိတာဆိုတော့ FYI marketing ကို ကျွန်တော်တို့က ဘာတွေထပ်ထည့်ပေးရအုံးမလဲ။ ကျွန်တော်တို့က အဲ့ဒီစျေးနှုန်းတစ်ခုအနေနဲ့ သတ်မှတ်ပြီးတော့ တစ်နှစ်စာသွင်းခိုင်းတော့မှာဆိုတော့ free ပေးတဲ့ဟာလည်းပေးမှာပေါ့နော်။ ဒါပေမဲ့ subscription model ရှိတော့မှပဲ ဒီ့ထက်ပိုပြီးတော့ affective ဖြစ်နိုင်တဲ့ ဒီ့ထက်ပိုပြီးတော့ value ရနိုင်တဲ့ data တွေ inside တွေ case study တွေပါ ဆက်ပြီးပေးမှာဆိုတော့ကျတော့ case study တွေ ကျွန်တော်ဖတ်တယ်။ နောက်ဆုံးတစ်ခုကတော့ comment တွေ လိုက်ဖတ်တာများတယ်။ အဲ့တော့ post တွေ group တွေ page တွေ အဲ့ဒီ comment တွေ ကျွန်တော်လိုက်ဖတ်တယ်။ ပြီးတော့မှ လူတွေရဲ့ attention ကဘယ်မှာရှိနေလဲ။ ဘာလဲညာလဲဆိုတာကို ကိုယ့်ဟာကိုဆုံးဖြတ်ပြီးတော့မှ ဒါလေးတွေကို ကျွန်တော့်ရဲ့ Alex Khine ဆိုတဲ့ page မှာစလုပ်တယ်။ ၂၀၁၇ လား ၂၀၁၈ လားမသိဘူး။ သေချာမမှတ်မိဘူး။ အဲ့မှာစတယ်။ ပြောမယ်ဆိုရင် ကိုယ့်အခက်အခဲဆိုတာ သူများမှာလည်းရှိမှာပဲ။ ကျွန်တော်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကုန်လုံးက အခုလူတိုင်းကြုံနေရတဲ့ အခက်အခဲတွေပဲ။ ဥပမာ- ၂၀၁၂ က alex ကို ၂၀၂၂ က alex ကဘယ်လို ဖြေရှင်းပေးနိုင်လဲဆိုတာကို အမြဲစဉ်းစားတယ်။ ကိုယ်ချင်းစာကြည့်တာဗျာ။ အဲ့ကနေ ၂၀၁၂ က alex အဆင်ပြေနိုင်မဲ့ content မျိုးလေးတွေကို ဒီအချိန်မှာလုပ်ပေးနေတာ။ ကျွန်တော့်အနေနဲ့ကတော့ အဲ့ဒါပဲ.. speaker လို့လည်း ကိုယ့်ကိုယ်ကိုမခေါ်ရဲပါဘူး။ entrepreneur တစ်ယောက်လို့လဲ မခံယူပါဘူး။ ကျွန်တော်သည် marketer တစ်ယောက်ပါ။ အဲ့တော့ marketing ကိုကျွန်တော့်ရဲ့ next generation ရော အရင် generation ကမသိတဲ့သူတွေရော ကျွန်တော့်ရဲ့ same generation ကကျွန်တော်နဲ့ profession မတူတဲ့လူတွေအတွက်ကိုပါ marketing အနေနဲ့ marketing emphasis အနေနဲ့လုပ်ပေးပါတယ်။ ကျွန်တော်အနေနဲ့ ခံယူထားတာအဲ့တာပါပဲ။
#marketing #digitalmarketing #market #career #askalex #askalexmm