Listen

Description

Q: content တစ်ခုတည်းကို same target audience ကိုပဲ reach, engagement, message objective ၃ ခု လုံးနဲ့ တစ်ချိန်တည်း run ထားရင် result ပိုကောင်းနိုင်လား။ ဒါမှမဟုတ် တစ်ခုခုပြီးမှတစ်ခု run သင့်လား သိချင်ပါတယ်ဗျ။

A: reach က awareness မှာသွားတာ။ လူများများမြင်ရင် များများသိမယ်။ engagement က customer journey မှာဆိုရင် interest stage မှာသွားတာ။ လူများများ engage လုပ်တယ်ဆိုရင် ပိုပြီးစိတ်ဝင်စား နိုင်တဲ့လူတွေများတယ်။ message ကကျတော့ trash level မှာလုပ်တာ။ စိတ်ဝင်စားတယ် ဝယ်ကြည့်ဖို့ မေးလိုက်မယ်ဆိုတဲ့ဘက်ကိုသွားတာ။ objective ၃ ခုဆိုရင် အကြံပေးချင်တာက content ၁ ခုထက်စာရင် content ၃ ခုကိုသွားပါ။ အဲ့ brand ကိုတစ်ခါမှမသိသေးတဲ့သူတွေကို reach နဲ့သွားတာ ကိစ္စမရှိဘူး။ video ပဲဖြစ်ဖြစ်သွားလိုက်တယ်။ ဒါပေမဲ့ message ဆိုရင်‌တော့ ကျွန်တော်တို့ရဲ့ brand ကိုစိတ်ဝင်စားတယ် ဆိုတဲ့ပုံစံမျိုးမှပဲ သွားတာကပိုပြီး effective ဖြစ်နိုင်မယ်လို့တော့မြင်တယ်‌။ နည်းနည်းလေးပိုပြီးစျေးကြီး နိုင်တယ်။ ထားပါတော့ ကျွန်တော့်ကို XYZ phone brand ကနေကြော်ငြာလာထိုးတယ်ဆိုရင်တော့ ကျွန်တော်လည်းဝယ်မှာမဟုတ်ဘူး။ တစ်သက်လုံးလည်း စာပို့မှာမဟုတ်ဘူး။ ကျွန်တော်သိတဲ့ Samsung, Apple  ကနေ message လာပြီးပြတယ်ဆိုရင်က ဝယ်နိုင်ချေပိုပြီးတော့များတယ်။ အဲ့အချိန်မှာ message objective ရေးထားတဲ့ဟာသည် promotion content ဖြစ်ရင်ဖြစ်နိုင်တယ်။ reach ကကျတော့ brand content ဖြစ်နေမယ်။ branding content မျိုးဆိုရင် reach နဲ့ engagement နဲ့ run လေ့ရှိပြီးတော့မှ နောက်ဆုံး trash level ရောင်းဖို့အတွက်ကို အဆင်သင့်ဖြစ်နေပြီဆိုတဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ fun တွေ၊ ကျွန်တော်တို့ရဲ့ page ကို engage လုပ်သွားခဲ့တဲ့သူတွေ၊ custom audience တွေကိုပြန်ပြီး message ads နဲ့ run တာမျိုးက ပိုပြီးအဆင်ပြေနိုင်ဖို့များပါတယ်။ result ပိုကောင်းနိုင်တာပေါ့နော်။

#marketing #digitalmarketing #market #career #askalex #askalexmm