Q: မင်္ဂလာပါကို Alex။ ညီမအခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင် ပါတယ်။ အဲ့ဒါဘယ်လိုလမ်းကြောင်းနဲ့သွားလို့ရမလဲဆိုတာလေးရယ်၊
A: နှစ်ပိုင်းမေးထားပါတယ်။ ပထမတစ်ပိုင်းက အခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့ လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင်ပါတယ်ဆိုတာက အဲ့တာက content writing ဆိုတာထက် ကျွန်တော်မြင်တာက account manager ၊ account team ဘက်ကိုပြောင်းမယ်ဆိုရင်တော့ အဲ့တာတွေကအကုန်လုံး၊ ကိုယ်တိုင် marketing strategy မချရဘူးဆိုရင်တောင်မှ ဝိုင်းကူရမှာပေါ့လေ။ ဆိုတော့ content writer ကိုလုပ်တာ မျိုးမဟုတ်ဘဲနဲ့ account management team ဘက်ကိုကူးလိုက်ပါ။ အဲ့တာဆိုရင် ဒီပြောလိုက်တာ အကုန်လုံးသည် လုပ်ရနိုင်ချေများပါတယ်။ ပြီးတော့ outdoor marketing campaign တွေ run တာနဲ့ KOL ချိတ်ဆက်တဲ့အပိုင်းတွေကျတော့ ကိုယ့်ရဲ့ client တွေနဲ့လည်းဆိုင်သေးတယ်ဗျ။ ကိုယ့်ရဲ့ client တွေ က ဒီ agency ကိုထားပါတော့၊ digital marketing ထဲက၊ social media marketing ထဲက၊ content marketing ထဲကပဲလာအပ်၊ ဥပမာ post တင်ဖို့လောက်ပဲအလုပ်လာအပ်တယ်ဆိုရင်တော့ ဒီ agency သည် post တင်ဖို့လောက်ပဲလုပ်ရတာများတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ဥပမာ- Mango တို့၊ river orchid တို့၊ blade တို့ဘာညာတို့ဆိုရင်က 360 agency လို့ခေါ်တယ်။ integrated marketing ကိုသွားတဲ့ဟာမျိုး တွေ။ နောက်ဆုံးကြော်ငြာဝင်ရရင် ကျွန်တော်တို့ level up ပဲ 360 marketing သွားတယ်ပေါ့နော်။ ၃၆၀ သွားနေတဲ့ agency အကြီးကြီးတွေရှိတယ်။ အဲ့တော့ သူတို့ကတော့ digital တစ်ခုတည်းအပြင်ကိုမှ တခြားသော billboard တွေ၊ radio တွေ၊ production တွေ၊ KOL တွေ၊ brand ambassador တွေ၊ PR တွေစတဲ့ဟာတွေအကုန်လုံးကို ထည့်ပြီးတော့လုပ်ရလေ့ရှိတယ်။ အဲ့တာတွေကိုစိတ်ဝင်စားတယ်ဆို ရင်တော့ အဲ့တာကိုခေါ်နေတဲ့ agency တွေကိုသွားလျှောက်ပေါ့နော်။ ကြော်ငြာထပ်ပြီးဝင်ရရင် ကျွန်တော် တို့လည်း 360 လုပ်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm